my_tn/luk/05/01.md

2.9 KiB

ဆက်စပ်မှုဖော်ပြချက်

ဂင်္နေသရက်အိုင်ရှိ ရှိမုန်၏ လှေပေါ်မှ ယေရှု တရားဟောနေသည်။

ယခုတွင် ၎င်းဖြစ်ပျက်သည်

ဇာတ်လမ်း၏ အစပိုင်း အစပြုနေသည်ကို အချက်ပြသည့် စကားလုံးဖြစ်သည်။ သင့်ဘာသာစကား၌ ထိုသို့သုံးနိုင်သည့် စကားလုံးရှိပါက သုံးနိုင်သည်။ (ရှု၊ rc://*/ta/man/translate/writing-newevent)

ဂင်္နေသရက်အိုင်

ဂါလိလဲရေအိုင်၏ အခြားသော နာမည်ဖြစ်သည်။ ဂါလိလဲသည် ရေအိုင်၏ အနောက်ဘက်တွင်တည်ရှိပြီး၊ ဂင်္နေသရက်မြေသည် အရှေ့ဘက်တွင် တည်ရှိသည်။ ထို့ကြောင့် ၎င်းကို နာမည်နှစ်ခု ပေးထားသည်။

သူတို့ပိုက်ကွန်များ ဆေးနေကြသည်

နောက်တစ်ဖန် ငါးဖမ်းသည့်အခါ အသုံးပြုနိုင်ရန် သူတို့၏ ငါးဖမ်းပိုက်ကွန်များကို သန့်ရှင်းရေး ပြုလုပ်နေကြသည်။

လှေများထဲမှ ရှိမုန်၏လှေတစ်စီးကို

"ရှိမုန်ပိုင်သည့် လှေ"

ကမ်းနား အနည်းငယ်ခွာသည့်နေရာတွင် ထားရန် သူ့ကိုပြောသည်

"ကမ်းခြေမှ သိပ်မကွာသည့် နေရာတွင် လှေကို ရွေ့ရန် ရှိမုန်ကို တောင်းဆိုသည်"

သူထိုင်လျက် လူများကို ဆုံးမနေသည်

ထိုင်နေခြင်းသည် ဆရာတစ်ယောက်၏ ပုံမှန်အနေအထား ဖြစ်သည်။

ထိုလှေပေါ်မှာထိုင်လျက် လူများကို ဆုံးမဩဝါဒ ပေးတော်မူသည်

"သူသည်လှေပေါ်မှာ ထိုင်နေစဉ် လူများကို ဆုံးမသည်" ကမ်းခြေမှ သိပ်မကွာသည့်နေရာတွင် ရှိသည့် လှေပေါ်မှာထိုင်လျက် ကမ်းခြေ၌ ရှိသည့်လူများထံသို့ ယေရှု စကားပြောနေသည်။