my_tn/luk/04/20.md

3.4 KiB

စာလိပ်ကို လိပ်သည်

အထဲ၌ရေးထားသည့် စာကိုကာကွယ်သည့်အနေဖြင့် လိပ်ပြီး သိမ်းဆည်းသည်။

တက်ရောက်သူများ

တရားဇရပ်၌ အလုပ်လုပ်သည့် အလုပ်သမားများ၊ ကျမ်းလိပ်ကို ရိုသေလေးစားစွာဖြင့် သိမ်းပြီး၊ ပြန်ထုပ်သူများဖြစ်သည်။

သူ့ကို စေ့စေ့ကြည့်လျက်နေကြသည်

"သူ့ကိုကြည့်နေကြသည်" သို့မဟုတ် "သူ့ကို ဂရုစိုက်စွာကြည့်ကြသည်" ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

သင့်တို့၏ကြားနာမှုက ကျမ်းစာကိုပြည့်စုံစေသည်

သူပြောသည့်အရာနှင့် လုပ်သည့်အရာများအားဖြင့် ယေရှုက ပရောဖက်ပြုချက်များကို ပြည့်စုံစေသည်။ ပြုသူဝါကျ ဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ နားထောင်ခဲ့ကြသည့်အတိုင်း ကျမ်းစာပြောသည့်အရာကို ငါက ပြည့်စုံစေသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သင့်ကြားနာမှုတွင်

"ငါ့ကို သင်နားထောင်သည့်အခါ" ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

သူ့နှုတ်ထွက်စကားများ

"သူပြောသည့် မြင့်မြတ်သောစကားများကြောင့် အံ့ဩကြသည်" "မြင့်မြတ်သော" သည် (၁) ယေရှု ပြောသည့်စကားက မည်မျှလောက် ဆွဲဆောင်မှုရှိသည်" သို့မဟုတ် (၂) ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို ယေရှုကပြောသည်" တစ်ခုခုကို ဆိုလိုနိုင်သည်။

ယောသပ်၏သား မဟုတ်သလော။

လူတို့က ယောသပ်သည့် ယေရှု၏ အဖေဟု ထင်ကြသည်။ ယောသပ်သည် ဘာသာရေးခေါင်းဆောင် မဟုတ်ပါ။ ထို့ ကြောင့် သူ့သားလုပ်သည့်အရာ၊ ဟောပြောခဲ့သည့်အရာကြောင့် သူတို့အံ့ဩကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယောသပ်၏ သားသာဖြစ်သည်" သို့မဟုတ် "သူ့အဖေသည် ယောသပ် ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion).