my_tn/luk/04/03.md

3.3 KiB

ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်

ယေရှုသည် "ဘုရားသခင်၏ သားတော်"ဖြစ်ကြာင်းကို နိမိတ်လက္ခဏာများဖြင့် သက်သေပြရန် စာတန်သည် စမ်းသပ်စိန်ခေါ်သည် (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples )

ဤကျောက်ခဲကို

စာတန်မာရ်နတ်သည် သူ၏ လက်ထဲတွင် ကိုင်ထားသောကျောက်တုံး သို့မဟုတ် အနီး၌ ရှိသော ကျောက်တုံးကို ဆိုလိုပါသည်။

ယေရှုကလည်း၊ ပြန်ပြောတော်မူ၏

စာတန်၏ စိန်ခေါ်မှုကို ယေရှုငြင်းဆိုသည့်အဖြေကိုရှင်း လင်းစွာတွေ့နိုင်သည်။ UDB ၌ပြန်ထားသည့်အတိုင်း "ယေရှုက "ငါလုပ်မည်မဟုတ်" ဟုပြန်ပြောသည်။ စာဖတ်ပရိသတ်များ နားလည်လွယ်ရန် ရှင်းလင်းစွာ ဖော်ပြရန်လိုမည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

၎င်းကိုရေးထားသည်

ဓမ္မဟောင်းကျမ်းက မောရှေရေးသည့် ကျမ်းစာမှ ကိုးကားချက်ဖြစ်သည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောရှေက ကျမ်းစာတွင်ရေးထားခဲ့ပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လူသည်မုန့်အားဖြင့် အသက်မွေးရမည်မဟုတ်

"မုန့်" သည် ယေဘုယျအစားအစာကို ဆိုလိုသည်။ အစားအစာကို ဘုရားသခင်နှင့် နှိုင်းယှဉ်ပြီး လူတစ်ယောက် အသက်ရှင်နိုင်ရန် ၎င်းက မလုံလောက်သည်ကို ဆိုလိုသည်။ ယေရှုက ကျမ်းစာကို ကိုးကားပြီး ဘာ့ကြောင့်သူက ကျောက်တုံးကို မု့န်သို့မဖြစ်စေသည်ကို ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူသည့်မုန့်တည်းဖြင့် အသက်မရှင်နိုင်" သို့မဟုတ် "လူအသက်ရှင်စေသည်မှာ မုန့်တည်းသာ မဟုတ်ပေ" သို့မဟုတ် "ဘုရားသခင်က အစားအစာများထက် အရေးကြီးသည့်အရာရှိသည်ကိုပြောသည်။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)