my_tn/luk/03/21.md

5.6 KiB

ဆက်စပ်ဖော်ပြချက်

ယေရှုသည် ဗတ္တိဇံခံခြင်းနှင့်အတူ သာသနာတော်ကို အစပြုသည်။

သောအခါ

ဤစကားစုသည် ပုံဝတ္ထု၏ အသစ်သောအဖြစ်အပျက်၏ အစပိုင်းကိုအမှတ်အသားပြုသည်။ သင်၏ ဘာသာစကား၌ ဤအရာ အတွက် သုံးနှုန်းစရာနည်းလမ်းရှိပါက အသုံး ပြုနိုင်ပါသည်။ (ရှု၊ rc://*/ta/man/translate/writing-newevent )

လူအပေါင်းတို့သည် ဗိတ္တိဇံကို ခံကြသောအခါ

"ယောဟန်သည် လူအားလုံးတို့ကို ပေးနေစဥ်"။ "လူအပေါင်းတို့" ဟူသောစကားစုသည် ယောဟန်နှင့်အတူရှိသော လူတို့ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive )

ဗိတ္တိဇံကိုခံတော်မူ၍

"ယေရှုသည် ယောဟန်အားဖြင့် ဗိတ္တိဇံကို ခံတော်မူခဲ့သည်" ကနဦးကျမ်းချက်၌ ဟေရုဒ် သည် ယောဟန်ကို ထောင်ထဲမှာ ထည့်ခဲ့သည်ဖြစ်ရာ ယောဟန်က ဗိတ္တိဇံပေးနေခြင်းကို တချို့သောစာဖတ်သူတို့က နားမလည် ရှုပ်ထွေးနိုင်ပါသည်။ သို့ဖြစ်သော ကြောင့် ယောဟန်သည် ထောင်ထဲသို့ ထည့်ခြင်းမခံမှီ ဤအရာဖြစ်ပျက်ကြောင်းကို သူတို့အား ပြောပြရန် အထောက်အကူပေးပါမည်။ UDB က ဤကျမ်းချက်၏ အစပိုင်း၌ "သို့သော်လည်း ယောဟန်ထောင်ထဲသို့ မကျမှီ " ဟူသော စကားကို ပေါင်းထည့်သည်။ (ရှု၊ rc://*/ta/man/translate/figs-events )

ယေရှုသည်လည်း ဗိတ္တိဇံကိုခံတော်မူ၍

ဤသည်မှာ ပြခြင်းပြကြိယာဖြင့် ဖော်ပြထားခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယောဟန်သည် ယေရှုကိုလည်း ဗိတ္တိဇံပေးခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-activepassive )

ကောင်ကင်ဖွင့်လှစ်သဖြင့်

"မိုဃ်းကောင်းကင်ပွင့်သည်" သို့မဟုတ် "မိုဃ်းကောင်းကင်ပွင့်လာသည်"။ ဤအရာသည် မိုဃ်းတိမ်ကင်းစင်သွားသည်ထက် ပို၍ အဓိပ္ပါယ်ရှိသည်။ သို့သော်လည်း ဘယ်အရာကို ဆိုလိုကြောင်း မရှင်းလင်းပါ။ ကောင်းကင်၌ တွင်းပေါက်တခုကို ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။

သန့်ရှင်းသောဝိညာဥ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်ပေါ် ၌ ဆင်းသက်တော်မူ၍

"သန့်ရှင်းသော ဝိညာဥ်တော်သည်‌ ယေရှုပေါ်သို့ ဆင်းသက်တော်မူ၏"

ချိုးငှက် ကဲ့သို့

"သန့်ရှင်းသော ဝိညာဥ်တော်သည် ချိုးငှက် ကဲ့သို့ ကိုယ်ခန္ဓာအသွင်ဖြင့်"

သင်ကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း

ခမည်းတော်ဘုရားသခင်သည် မိမိသားတော် (ငါ၏ ချစ်သား) ဟူ၍ မိန့်တော်မူ၏။ ယေရှုအပေါ်သို့ ဝိညာဥ်တော်ဆင်းသက်စဥ်အခါတွင် ယေရှုသည် ဘုရားသခင်၏သားတော် ဖြစ်ပါသည်။ ဘုရားသခင်၏ ပုဂ္ဂိုလ်တော်တည်းဟူသော ခမည်းတော်၊ သားတော်နှင့် ဝိညာဥ်တော်တို့သည် အချင်းချင်းတပါးနှင့်တပါး ချစ်မြတ်နိုး၍ အတူတကွ အလုပ်လုပ်တော်မူ၏။

ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သား

ဤသည်မှာ ဘုရားသခင်၏ သားတော် ယေရှုအတွက် အရေးကြီးသော ဘွဲ့နာမတခု ဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples )