my_tn/luk/01/80.md

2.6 KiB

ဆက်စပ်ဖော်ပြချက်

ဤအရာသည် ယောဟန်၏ ကြီးထွားလာခြင်း နှစ်များအကြောင်းကို အနည်းငယ်မျှသာ ပြောပြခြင်းဖြစ်ပါသည်။

သည်ကား

ဤစကားလုံးသည် ဤနေရာ၌ ပုံဝတ္ထုအကြောင်း ဖွင့်ပြသောအမှတ်အသားအဖြစ် အသုံးပြုပါသည်။ ရှင်လုကာသည် ယောဟန်အရွယ်ရောက်လာသည်နှင့်အမျှ သူ၏ မွေးဖွားခြင်းမှ အမှုတော်လုပ်ငန်း အစပြုခြင်းသို့ လျင်မြန်စွာ ရွေ့သွားသည်။

ကြီးပွား၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏

"ဝိညာဥ်ရေးဆိုင်ရာ၌ ရင့်ကျက်လာခဲ့သည်" သို့မဟုတ် "ဘုရားသခင်နှင့် သူ၏ဆက်စပ်မှုကို တောင့်တင်းခိုင်မာစေသည်"

တောအရပ်၌ နေလေ၏

"တောအရပ်၌ နေထိုင်ခဲ့ပါသည်"။ ယောဟန်သည် မည်သည့် အသက်အရွယ်၌ တောအရပ်တွင် အစပြုနေခဲ့သည်ကို ရှင်လုကာက ပြောဆိုခြင်းမရှိပါ။

တိုင်အောင်

ဤသည်မှာ အဆုံးသို့ရောက်ခြင်းကို ဖော်ပြခြင်းမဟုတ်ပါ။ ယောဟန်သည် လူထုရှေ့၌ ဟောပြောခြင်းအမှုကို အစပြုခဲ့ပြီးသည့် နောက်ပိုင်း၌လည်း တော၌ ဆက်လက်၍ နေထိုင်ခဲ့ပါသည်။

လူတို့အား မထင်ရှားမှီတိုင်အောင်

"သူသည် လူတို့ရှေ့၌ အစပြု၍ တရားဟောပြောသောအခါ"

မထင်ရှားမှီ

ဤနေရာ၌ "အချိန်" သို့မဟုတ် "အခါသမယ" ကို ယေဘုယျ အဓိပ္ပါယ်ဖြင့် မထင်ရှားမှီဟူ၍ အသုံးပြုခဲ့ပါသည်။