my_tn/luk/01/78.md

6.0 KiB

ယေဘုယျအချက်အလက်

ဤကျမ်းချက်များ တလျှောက်လုံး၌ "ငါတို့" ဟူသောစကားလုံး၌ လူအားလုံးတို့ အကျုံးဝင်ပါသည်။

ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်

ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်သည် လူတို့အား ကူညီမစတော်မူကြောင်းကို အတိအလင်း ပြောဆိုရာ၌ ဤအရာသည် အထောက်အကူပြုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဘယ် ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့အပေါ် မေတ္တာကရုဏာတော်နှင့် သနားတော်မူခြင်း ကြီးလှပါသည်" (ရှု၊ rc://*/ta/man/translate/figs-explicit )

ကောင်းကင်မှနေအာရုဏ်သည် ငါတို့အပေါ်သို့တက်သဖြင့်

အလင်းသည် သမ္မာတရားအတွက် ဥပစာအနေဖြင့် မကြာခဏအသုံးပြုပါသည်။ ဤနေရာ၌ ကယ်တင်ရှင်ပေးတော်မူမည့် ဝိညာဥ်ရေးဆိုင်ရာ သမ္မာတရားသည် မြေကြီးပေါ်၌ ထွန်းလင်းတောက်ပသော နေ၏အလင်းနှင့် တင်စားပြောဆိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor )

အလင်းပေါ်ထွန်း၍

"အသိပညာကို ပေးရန်" သို့မဟုတ် "ဝိညာဥ်ရေး ဆိုင်ရာ အလင်းကို ပေးရန်"

မှောင်မိုက်နှင့်သေမင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့

ဤနေရာ၌ မှောင်မိုက်သည် ဝိညာဥ်ရေးဆိုင်ရာ သမ္မာတရား ကင်းဝေးခြင်းအတွက် တင်စားအသုံးပြုပါသည်။ ဝိညာဥ်ရေးဆိုင်ရာ သမ္မာတရား မရှိသောလူတို့အား မှောင်မိုက်၌ နေသောသူ ဟူ၍ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သမ္မာတရားကိုမသိသောလူတို့" (ရှု၊ rc://*/ta/man/translate/figs-metaphor )

မှောင်မိုက် . . . သေမင်း၏အရိပ်

ဘုရားသခင်ရှေ့မှောက်တော်၌ လူတို့၏ ဝိညာဥ်ရေးရာမှောင်မိုက်ခြင်း နက်ရှိုင်းစွာ ရှိသော်လည်း သူတို့အပေါ်၌ ကျေးဇူးကရုဏာတော် ပြတော်မူခြင်းကို အထူးပြုထင်ရှားစေရန် ဤစကားစုနှစ်ခုတို့သည် အတူတကွ လုပ်ဆောင်ကြပါသည်။ (ရှု၊ rc://*/ta/man/translate/figs-doublet )

သေမင်း၏အရိပ်ထဲတွင်

အရိပ်ဟူသောစကားလုံးသည် မကြာမီဖြစ်ပျက်လာမည့် တစ်စုံတစ်ရာကို မကြာခဏပင် ကိုယ်စားပြုတတ်ပါသည်။ ဤနေရာ၌ သေခြင်းသို့ ချဥ်းကပ်ဦးတည်လာခြင်းကို ညွှန်းဆိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သေလုမျောနေသော သူများ" ( ရှု၊ rc://*/ta/man/translate/figs-idiom)

ငါတို့အား . . . လမ်းကိုပြသလျက်ရှိသည်

လူတစ်ယောက်၏ ခြေလှမ်းကို လမ်းပြပို့ဆောင်ခြင်းသည် ဦးဆောင်လမ်းပြခြင်းနှင့် တူညီနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့အား လမ်းပြပါ" သို့မဟုတ် "ငါတို့အား သွန်သင်ပါ" ( ရှု၊ rc://*/ta/man/translate/figs-synecdoche )

လမ်း (ကျွန်ုပ်တို့၏ ခြေလှမ်းများ)

"ခြေလှမ်း" ဟူသောစကားလုံးသည် ကိုယ် ခန္ဓာတစ်ခုလုံးကို ကိုယ်စားပြုရန် အသုံးပြုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့" (ရှု၊ rc://*/ta/man/translate/figs-synecdoche )

ငြိမ်သက်ခြင်းလမ်း

"ငြိမ်သက်ခြင်းလမ်း"သည် ပုဂ္ဂိုလ်တစ်ဦးအား ဘုရားသခင်နှင့်ငြိမ်သက်ခြင်းကို ဖြစ်စေသည့် ဘဝလမ်းခရီးအတွက် ဥပစာတခုဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငြိမ်သက်ခြင်းသို့ ပို့ဆောင်သောလမ်းခရီးတလျှောက်လုံး သွားလာခြင်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)