my_tn/luk/01/72.md

4.4 KiB

သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်

"သနားခြင်း ကရုဏာပြရန်" သို့မဟုတ် "ကိုယ်တော်၏ သနားခြင်း ကရုဏာဖြင့် ပြုတော်မူရန်"

အကြည့်အရှု

ဤနေရာ၌ "အကြည့်အရှု" ဟူသော စကားလုံးသည် ကတိတော်ကို စောင့်ထိန်းခြင်း သို့မဟုတ် တစုံတရာကို ပြီးပြည့်စုံစေခြင်းကို ဆိုလိုပါသည်။

ကျိန်ဆိုခြင်း ကတိတော် . . . သန့်ရှင်းသော ပဋိညာဥ်တရား

ဤစကားစုနှစ်ခုတို့သည် တူညီသော အကြောင်းအရာကို ညွှန်းဆိုထားပါသည်။ အာဗြဟံအား ပြုတော်မူသော ဘုရားသခင် ကတိတော်၏ လေးနက်၍ အရေးကြီးကြောင်းကို ထပ်၍ ဖော်ပြခြင်းဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism )

ကျွှန်ုပ်တို့အား ပေးရန်

"ထိုအရာကို ငါတို့အတွက် ဖြစ်နိုင်ဘွယ် ဖြစ်စေတော်မူ၏"

ဘုရားဝတ်ကို ရဲရင့်စွာပြုရသောအခွင့်ကို ပေးမည်

ထိုအရာမှာ ဤစကားစုတို့၏ လုပ်ထုံးလုပ်နည်း အစီအစဥ်ကို ပြောင်းလဲစေရန် အထောက်အကူပြုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် ရန်သူတို့၏ တန်ခိုးမှ ကယ်လွှတ်ခြင်းသို့ ရောက်ပြီးနောက် ကြောက်ရွံ့ခြင်းမရှိဘဲ ကိုယ်တော်အား အစေခံနိုင်ကြပါမည်။"

ရန်သူလက်မှ

"လက်" သည် လူတဦး၏ ထိန်းချုပ်မှု သို့မဟုတ် တန်ခိုးကို ညွှန်းဆိုထားပါသည်။ ဤအရာကို ရှင်းလင်းစွာ ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ရန်သူ များ၏ ထိန်းချုပ်မှု အောက်မှ" (ရှု၊ rc://*/ta/man/translate/figs-metonymy )

ရဲရင့်စွာ

ဤအရာသည် သူတို့၏ ရန်သူများကို တဖန်ကြောက်ရွံ့ခြင်းအကြောင်း ညွှန်းဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့၏ ရန်သူများကို ကြောက်ရွံ့ခြင်းမှ ကင်းလွှတ်လျက်" (ရှု၊ rc://*/ta/man/translate/figs-ellipsis )

သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့်

ဤအရာမှာ တက်ကြွစွာ လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သန့်ရှင်းစင်ကြယ်ခြင်း နည်းလမ်းဖြင့်အသက်ရှင်ကာ မှန်သောအရာကို လုပ်ဆောင်ခြင်း" (ရှု၊ rc://*/ta/man/translate/figs-abstractnouns )

ဘုရားသခင့်ရှေ့တော်၌

ဤသည်မှာ ဥပစာတခုဖြစ်၍ "ကိုယ်တော်၏ မျက်မှောက်တော်" ကို ဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)