my_tn/luk/01/52.md

4.2 KiB

ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှ ချ၍

ရာဇပလ္လင်သည် အုပ်စိုးသူထိုင်သော ထိုင်ခုံတခုဖြစ်၍ ဘုရင့် အခွင့်အာဏာ၏ အမှတ်အသားဖြစ်သည်။ အကယ်၍ ရှင်ဘုရင်ကို ပလ္လင်တော်ပေါ်မှ ဆွဲချခြင်းခံရပါက သူသည် အုပ်စိုးခြင်းအခွင့်အာဏာကို ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ရှင်ဘုရင်တို့၏ အုပ်စိုးခြင်း အာဏာကို ဖယ်ရှားတော်မူ၏" သို့မဟုတ် "ကိုယ်တော်သည် အုပ်စိုးသူတို့၏ အုပ်စိုးခြင်းကို ရပ်တန့်စေတော်မူခဲ့ပါသည်။" (ရှု၊ rc://*/ta/man/translate/figs-synecdoche )

ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှ ချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ

အကယ်၍ လက်ခံနိုင်ဘွယ်ရှိပါက ဆန့်ကျင်ဘက်သဘောသက်ရောက်သော လုပ်ဆောင်ချက်နှစ်ခုတို့ ကြား၌ ခြားနားချက်ကို ဘာသာပြန်ဆိုခြင်း၌ ရှင်းလင်းစွာဖော်ပြနိုင်ပါသည်။

နှိမ့်ချသောအဖြစ်

"ဆင်းရဲခြင်း"။ မာရိ၏ မိသားစုသည် ချမ်းသာသော မိသားစု မဟုတ်ခဲ့ပါ။

နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ

ဤဝေါဟာရစကားလုံး၏ ပုံဖော်ချက်မှာ အရေးပါသောလူတို့သည် အရေးပါခြင်း နည်းပါးသော လူတို့ထက် ပို၍ အဆင့်အတန်းမြင့်မားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နှိမ့်ချသောလူတို့သည် အရေးပါခြင်းသို့ ရောက်သည်" သို့မဟုတ် "အခြားသူတို့ မချီးမြှောက်သော လူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်၏" (ရှု၊ rc://*/ta/man/translate/figs-metaphor )

ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချီးလွှတ်လိုက်တော်မူပြီ

အကယ်၍ လက်ခံနိုင်ဘွယ်ရှိပါက ဆန့်ကျင်ဘက်သဘောသက်ရောက်သော လုပ်ဆောင်ချက် နှစ်ခုတို့ကြား၌ ခြားနားချက်ကို ဘာသာပြန်ဆိုခြင်း၌ ရှင်းလင်းစွာ ဖော်ပြနိုင်ပါသည်။

ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍

ဖြစ်နိုင်ဘွယ်သော အဓိပ္ပါယ်မှာ (၁)"ငတ်မွတ်သောသူတို့အား ကောင်းသော စားစရာကို ကျွေး၏" သို့မဟုတ် (၂)"ဆင်းရဲချို့တဲ့သော သူတို့အား ကောင်းသောအရာများကို ပေး၏"