my_tn/luk/01/46.md

2.9 KiB

ယေဘုယျအချက်အလက်

မာရိသည် သူမ၏ အရှင်သခင်အား ချီးမွမ်းခြင်း သီချင်းဖြင့် အစပြုပါသည်။

ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏. . . ငါ့ဝိညာဥ်သည် ရွှင်လန်းခြင်းရှိ၏

မာရိသည် အနည်းငယ်မျှသာ ကွဲပြားခြားနားသည့် ထပ်တူညီသော နည်းလမ်းနှစ်ခုကို ဖော်ပြရာတွင် ကဗျာအလင်္ကာပုံသဏ္ဌာန်ကို အသုံးပြုနေပါသည်။ အကယ်၍ ဖြစ်နိုင်ပါက ဤသို့အနည်းငယ်မျှ ကွဲပြားခြားနားသော ဝေါဟာရစကားလုံးများ သို့မဟုတ် စကားစုများကို ဘာသာပြန်ဆိုရာတွင် ထပ်တူညီသော အဓိပ္ပါယ်ရှိပါသည်။ (ရှု၊ rc://*/ta/man/translate/figs-doublet )

ငါ့စိတ်နှလုံး ... ငါ့ဝိညာဥ်

"စိတ်နှလုံး"နှင့် "ဝိညာဥ်" နှစ်ခုစလုံးတို့သည် ပုဂ္ဂိုလ်တစ်ဦး၏ ဝိညာဥ်ရေးဆိုင်ရာအပိုင်းကို ညွှန်းဆိုထားပါသည်။ သူမ၏ ဝတ်ပြုကိုးကွယ်ခြင်းသည် နက်နဲသော အတွင်းပိုင်းမှ လာသည်ဖြစ်ကြောင်း မာရိက ပြောဆိုနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်မ၏ အတွင်းပိုင်းအသက်ရှင်ခြင်း .... ကျွန်မ၏ စိတ်နှလုံး" သို့မဟုတ် "ငါ...ငါ" (ရှု၊ rc://*/ta/man/translate/figs-synecdoche )

ရွှင်လန်းခြင်းရှိ၏

"အလွန်ဝမ်းမြောက်ခြင်း အကြောင်းကို ခံစားခဲ့ပါသည်" သို့မဟုတ် "အလွန်ဝမ်းမြောက်စရာ အကြောင်းဖြစ်ခဲ့ပါသည်။"

ငါ့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်

"ငါ့ကို ကယ်တင်သော သူသည် ဘုရားသခင်ဖြစ်တော်မူ၏" သို့မဟုတ် "ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်"