my_tn/luk/01/42.md

5.3 KiB

ထိုနှုတ်ဆက်ခြင်း စကား

ထိုနှုတ်ဆက်ခြင်းစကား၏ ဆိုလိုသည်မှာ ဧလိရှဗက်သည် အဘယ်မျှလောက် စိတ်လှုပ်ရှားခြင်းရှိကြောင်းကို ပေါ်လွင်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အံ့အား သင့်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်မိသည်။" (ရှု၊ rc://*/ta/man/translate/figs-doublet )

နှုတ်ဆက်ခြင်းစကား

ဤဥပစာစကား၏ ဆိုလိုသည်မှာ "သူမ၏ အသံကို မြှင့်၍" (ရှု၊ rc://*/ta/man/translate/figs-idiom )

သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏

ဤဥပစာစကား၌ "မိန်းမတကာတို့ ထက်" ဟုဆိုရာ၌ "အခြားသော မည်သည့် မိန်းမထက် ပို၍" ဟူ၍ ဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom )

သင်၏ဝမ်း၌ ရှိသောသူငယ်(အသီး)သည်

မာရိ၏ သူငယ်သည် အပင်၌သီးသော အသီးကဲ့သို့ တင်စားပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ကိုယ်၌ ရှိသော သူငယ်" သို့မဟုတ် "သင်မွေးဖွားလာမည့် သူငယ်" (ရှု၊ rc://*/ta/man/translate/figs-metaphor )

အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ကြွလာသော ကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း?

ဧလိရှဗက်သည် သတင်းစကားကို မေးမြန်းခြင်း မရှိခဲ့ပါ။ သခင်၏ မယ်တော်သည် သူမထံသို့ ကြွလာခြင်းကြောင့်အဘယ်မျှလောက် အံ့ဩဝမ်းမြောက်ခြင်း ရှိသည်ကိုသာ ဖော်ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်၏ မယ်တော်သည် ကျွန်မထံသို့ ကြွလာသည်မှာ အဘယ်မျှလောက် အံ့ဩဘွယ် ရှိပါသနည်း" (ရှု၊ rc://*/ta/man/translate/figs-rquestion )

အကျွန်ုပ်သခင်၏ မယ်တော်

ဤအရာသည် မာရိကို ဆိုလိုပါသည်။ "သင်သည်၊ အကျွန်ုပ်သခင်၏ မယ်တော်"

စကားသံ

ဤစကားစုသည် ဧလိရှဗက်၏ အံ့ဩသင့်နေခြင်းကို အာရုံစိုက်ရန် ငါတို့အား သတိပေးနှိုးဆော်ခြင်းဖြစ်ပါသည်။

အကျွန်ုပ်ကြားစဥ်တွင်

ဆိုလိုသည်မှာ "ငါကြားခဲ့သည်" ( ရှု၊ rc://*/ta/man/translate/figs-idiom )

ရွှင်မြူးသော စိတ်နှင့်ခုန်၏

"ဝမ်းမြောက်စွာဖြင့် ရုတ်တရက် လှုပ်ရှားခဲ့၏" သို့မဟုတ် "အင်အားအပြည့်ဖြင့်လှည့်ခဲ့သည်။" အဘယ်ကြောင့်ဆိုသော် သူငယ်သည် အလွန်ဝမ်းမြောက် ပျော်ရွှင်ခဲ့သည်။

ယုံကြည်သော မိန်းမသည် မင်္ဂလာရှိ၏

"ယုံကြည်ခြင်းရှိသော သင်သည် မင်္ဂလာရှိ၏" သို့မဟုတ် "သင်သည် ယုံကြည်သောကြောင့် ဝမ်းမြောက်ပျော်ရွှင်လိမ့်မည်"

မိန်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်

"မိန့်တော်မူသော စကားသည် ဧကန်အမှန် ဖြစ်ပျက်လာမည်" သို့မဟုတ် "မိန့်တော်မူသော စကားသည် ပြည့်စုံလာမည်"

ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသောစကား

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူမအားပေးသော သတင်းစကား" သို့မဟုတ် "သင့်အားထာဝရဘုရား မိန့်တော်မူသော အရာများ" (ရှု၊ rc://*/ta/man/translate/figs-activepassive )