my_tn/luk/01/34.md

5.0 KiB

ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း

မာရိသည် ထိုအမှုက အဘယ်သို့ဖြစ်မည်ကို သဘောပေါက်နားလည်ခြင်းမရှိခဲ့သော်လည်း ထိုသို့ဖြစ်လိမ့်မည်အကြောင်းကို သံသယမရှိပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအမှုသည် အဘယ်သို့ ဖြစ်နိုင်မည်နည်း"

အကျွန်ုပ်သည် ယောကျ်ားနှင့်မဆက်ဆံပါ

မာရိသည် မေထုံသံဝါသပြုခြင်း လုံးဝ မရှိကြောင်းကို ယဥ်ကျေးစွာဖြင့် ဖွင့်ဟ ဝန်ခံခြင်းဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်မသည် အပျိုကညာ (အပျိုစင်)" ဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-euphemism)

သန့်ရှင်းသောဝိညာဥ်တော်သည် သင်၏ အပေါ်မှာ သက်ရောက်တော်မူလိမ့်မည်။

မာရိ၏ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်စဥ်မှာ သူမအပေါ်သို့ သန့်ရှင်းသော ဝိညာဥ်တော်ရောက်လာခြင်းဖြင့် အစပြုမည်။

သက်ရောက် တော်မူ၍

"လွမ်းမိုးလိမ်းမည် သို့ ဖြစ်ဖျက် လိမ့်မည်"

အမြင့်ဆုံးသောဘုရား၏ တန်းခိုး အာနုဘော်တော်

ဤသည်မှာ ဘုရားသခင်၏ "တန်ခိုးတော်" ဖြစ်ပြီး မာရိသည် အပျိုစင်ဘဝ၌ ရှိနေလင့်ကစား သူမအား ပဋိသန္ဓေစွဲစေရန် သဘာဝကို လွန်ကဲသော တန်ခိုးဖြင့် ဖြစ်စေမည်အကြောင်း ဖြစ်ပါသည်။ ဤအမှုမှာ မည်သည့် ကိုယ်ကာယပိုင်းဆိုင်ရာ သို့မဟုတ် မေထုန်ပြုခြင်း အားဖြင့်မဟုတ်၊ အံ့ဩဘွယ် နိမိလက္ခဏာသာ ဖြစ်ကြောင်းကို သေချာသိမှတ်ပါ။

သင့်ကို လွှမ်းမိုးလိမ့်မည်

"အရိပ်ကဲ့သို့ သင့်အပေါ်၌ ဖုံးလွှမ်းလိမ့်မည်"

သန့်ရှင်းသော သား

"သန့်ရှင်းသောသူငယ်ကလေး" သို့မဟုတ် "သန့်ရှင်းသော သူငယ်"

ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်မှာ (၁)"ကိုယ်တော်အား လူတို့သည် ခေါ်ဝေါ်ကြလိမ့်မည်" သို့မဟုတ် (၂)"ဘုရားသခင်သည် ကိုယ်တော်အား ခေါ်ဝေါ်တော်မူလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive )

ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသော သားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။

ယေရှု၏ မယ်တော်မာရိသည် လူသားတစ်ဦးဖြစ်ခဲ့သော်ငြားလည်း ဘုရားသခင်သည် သဘာဝကို လွန်ကဲသော တန်ခိုးဖြင့် ယေရှုအား သူငယ်တော်ကဲ့သို့ သူမ၏ အတွင်းထဲသို့ ထည့်ပေးတော်မူ၏။ သို့ဖြစ်၍ ဘုရား သခင်သည် ကိုယ်တော်၏ ခမည်းတော် ဖြစ်တော်မူကာ ယေရှုအား "ဘုရားသခင်၏ သားတော်" ဟု ခေါ်ဆိုရပါသည်။

ဘုရားသခင်၏ သားတော်

ဤအရာသည် ယေရှုအတွက် အရေးကြီးသော ဘွဲ့နာမတစ်ခုဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)