my_tn/luk/01/30.md

5.0 KiB

မာရိ ကြောက်ရွံ့ခြင်းမရှိနှင့်။

ကောင်ကင်းတမန်က မာရိအား သူ၏ ထင်ရှားပေါ်လာခြင်းကို ကြောက်ရွံ့ခြင်းရှိမည်ကို အလိုမရှိပါ။ အကြောင်းမှာ ဘုရားသခင်သည် သူ့အား ကောင်းသော သတင်းကိုကြားပြောရန် စေလွှတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။

ဥပစာစကား "မျက်နှာရပြီ" ဟူသော စကားလုံး၏ ဆိုလိုရင်းမှာ တစုံတဦးအားဖြင့် အသေအချာ လက်ခံခြင်း ဖြစ်ပါသည်။ ဤစာကြောင်းမှာ ဘုရားသခင်သည် စီစဥ်ကြပ်မတ်သောသူအဖြစ် ပြောင်းလဲ၍ ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင့်အား ကိုယ်တော်၏ ကျေးဇူးတော်ကို ပေးရန်ဆုံးဖြတ်တော်မူခဲ့သည်" သို့မဟုတ် "ဘုရားသခင်သည် သင့်အား ကိုယ်တော်၏ ကြင်နာမှုကို ပြသတော်မူသည်"။

သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောကျ်ားကိုဖွားမြင်လိမ့်မည် . . . ယေရှု... အမြင့်ဆုံးသောဘုရား၏သားတော်

မာရိသည် အမြင့်ဆုံးသောဘုရား၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသော "သား" ကို ဖွားမြင်လိမ့်မည်။ သို့ဖြစ်၍ ယေရှုသည် လူသားမိခင်မှ ဖွားမြင်သော လူသားဖြစ်တော်မူပြီး ဘုရားသခင်၏ သားတော်လည်း ဖြစ်တော်မူ၏။ ဤဝေါဟာရစကားလုံးများကို အလွန်သေချာ ဂရုတစိုက် ဘာသာပြန်ဆိုရပါမည်။

ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်မှာ (၁)"လူတို့သည် ကိုယ်တော်အား ခေါ်ဝေါ်ကြလိမ့်မည်" သို့မဟုတ် (၂)"ဘုရားသခင်သည် ကိုယ်တော်အား ခေါ်ဝေါ် တော်မူလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive )

အမြင့်ဆုံးသောဘုရား၏သားတော်

ဤသည်မှာ ဘုရားသခင်၏ သားတော် ယေရှုအတွက် အရေးကြီးသော ဘွဲ့နာမတစ်ခုဖြစ်သည်။ (ရှု rc://*/ta/man/translate/guidelines-sonofgodprinciples)

သူ့အဖ ဒါဝိဒ်၏ ရာဇပလ္လင်ကို . . . ပေးတော်မူမည်

ရာဇပလ္လင်တော်သည် ရှင်ဘုရင်၏ အုပ်စိုးခြင်းအခွင့်အာဏာကို ထင်ရှားပြသသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့အဘ ဒါဝိဒ်မင်းကြီး ကဲ့သို့ အုပ်စိုးရန် အခွင့်အာဏာ အပ်နှင်းပေးသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူ၏ နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ

အငြင်းဝါကျစကားစု "ကုန်ဆုံးခြင်းမရှိရ" ဟူသောစကားလုံးသည် ထာဝရ အစဥ် ဆက်လက်၍ အုပ်စိုးတော်မူမည့်အကြောင်းကို အထူးပြုထားပါသည်။ ၎င်းအပြင် အပေါင်း လက္ခဏာဆောင်သော စကားစုအဖြစ်လည်း ဖော်ပြနိုင်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်၏ နိုင်ငံတော်သည် ကုန်ဆုံးခြင်းမရှိရ" (ရှု၊ rc://*/ta/man/translate/figs-litotes )