my_tn/luk/01/26.md

5.2 KiB

ယေဘုယျအချက်အလက်

သူမသည် ဘုရားသခင် သားတော်၏ မိခင်ဖြစ်လိမ့်မည်အကြောင်းကို ကောင်းကင်တမန် ဂါဗြေလသည် မာရိအား ထုတ်ဖော်ကြေညာသည်။

ငါးလလွန်သောအခါ

"ဧလိရှဗက် ကိုယ်ဝန်ဆောင်ခြင်း ခြောက်လစေ့သောအခါ"။ အကယ်၍ ဤအရာမှာ တနှစ်တွင် ခြောက်လမြောက်နှင့် ရှုပ်ထွေးမှု ရှိနိုင်သည်ဖြစ်၍ ရှင်းလင်းစွာဖော်ပြခြင်းဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit )

ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလကိုစေလွတ်တော်မူ၏။

ဤအရာသည် ပြုခြင်းပြကြိယာပုံစံဖြင့် ဖော်ပြခဲ့ခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလအား စေလွှတ်တော်မူခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-activepassive )

ဒါ ဝိဒ်၏ အမျိုးသားယောသပ်အမည်ရှိသော လူ

"သူသည် ဒါဝိဒ် အမျိုးအနွယ်အဝင်ဖြစ်ပါသည်" သို့မဟုတ် "သူသည် ဒါဝိဒ်မင်းကြီး၏ မျိုးဆက်တစ်ဦးဖြစ်ခဲ့ပါသည်"

ထိမ်းမြားဆောင်နှင်း၍

"ကတိပြု" သို့မဟုတ် "ထိမ်းမြားဆောင်နှင်းရန် ကတိသစ္စာပြု"။ မာရိ၏ မိဘများက သူမအား ယောသပ်နှင့်ထိမ်းမြားဆောင်နှင်းရန် ကတိသစ္စာဆိုခဲ့ပါသည်။

သတို့သမီးကညာကား၊ မာရိအမည်ရှိ၏

ဤနေရာ၌ မာရိသည် သမိုင်းတွင် အသစ်သော ဝိသေသ လက္ခဏာရှိသောသူအဖြစ် မိတ်ဆက်ပါသည်။ (ရှု၊ rc://*/ta/man/translate/writing-participants )

ကောင်းကင်တမန်သည် ရောက်လာလျှင်

"ကောင်းကင်တမန်သည် မာရိထံသို့ ရောက်လာခဲ့သည်"

နှုတ်ဆက်ခြင်း

ဤသည်မှာ အများနှင့်ဆိုင်သော နှုတ်ဆက်ခြင်း တစ်ခုဖြစ်ပါသည်။ ဆိုလိုသည်မှာ "ဝမ်းမြောက်ခြင်း" သို့မဟုတ် "ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း"။

ကျေးဇူးတော်ကို ခံရသောမိန်းမ

"သင်သည် ကြီးမားသော ကျေးဇူးတော်ကို ခံရသောသူဖြစ်၏" သို့မဟုတ် "သင်သည် ကြင်နာခြင်းကို အထူးခံရသောသူ ဖြစ်ပါသည်"

ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏

"သင်နှင့် အတူ" ဟူသော စကားသည် ဥပစာစကားဖြစ်၍ ကူညီမစခြင်းနှင့် လက်ခံခြင်းကို ညွှန်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သင့်အပေါ်၌ ကျေနပ်အားရ တော်မူ၏"။ (ရှု၊ rc://*/ta/man/translate/figs-idiom )

မာရိသည် . . . စိတ်နှလုံး မငြိမ်မဝပ်ရှိ၍ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သောနှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။

မာရိသည် တစ်ဦးခြင်းနှင့်သာ ဆိုင်သော ဝေါဟာရစကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခဲ့ပါသည်။ သို့သော်လည်း ကောင်းကင်တမန်သည် သူမအား အဘယ်ကြောင့် ဤအံ့ဩဘွယ်သော နှုတ်ဆက်ခြင်းစကားကို ပြောဆိုခဲ့ကြောင်း နားလည်သဘောပေါက်ခြင်းမရှိခဲ့ပါ။