my_tn/luk/01/24.md

3.1 KiB

ထိုနောက်

"ထိုနောက်" စကားစုသည် ဗိမာန်တော်ထဲ၌ ဇာခရိ အမှုတော် ဆောင်ရွက်နေခြင်း ကာလကို ညွှန်းဆိုပါသည်။ ဤအရာက မည်သည့်အရာကို ပိုမို၍ ရှင်းလင်းစွာဖော်ပြရန်ဖြစ်နိုင်ဘွယ်ရှိပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇာခရိသည် ဗိမာန်တော်၌ သူ၏ တာဝန်ပြီးစီးသောအခါ မိမိနေရပ်သို့ ပြန်သွားခဲ့သည်"။ (ရှု၊ [[rc:///ta/man/translate/writing-newevent]] and [[rc:///ta/man/translate/figs-explicit]] )

သူ၏ ခင်ပွန်း

"ဇာခရိ၏ ဇနီး"

အိမ်တွင်း၌ အောင်း၍နေလေ၏

"သူမသည် အိမ်ပြင်သို့မထွက်ပါ" သို့မဟုတ် "အိမ်တွင်း၌သာ ရှိနေခဲ့သည်"

ထာဝရဘုရားသည် . . . ငါ့ကိုကြည့်ရှုတော်မူ စဥ်တွင် ဤကျေးဇူးတော်ကိုပြုတော်မူပြီ

ထာဝရဘုရားသည် သူမအား ပဋိသန္ဓေစွဲယူ စေတော်မူကြောင်းကို ဤစကားစုကို ညွှန်းဆိုခြင်းဖြစ်ပါသည်။

ဤကျေးဇူးတော်

ဤအရာသည် တိကျပြတ်သားသော ကြွေးကြော်ခြင်းအသံဖြစ်ပါသည်။ သူမအပေါ်၌ ထာဝရဘုရားသည် အဘယ်သို့ပြုတော်မူခြင်း အပေါ်၌ သူမသည် အလွန်ပျော်ရွှင်ခဲ့ပါသည်။

ငါ့ကို ကြည့်ရှုတော်မူစဥ်တွင်

"ကြည့်ရှုတော်မူခြင်း" သည် ဥပစာစကားဖြစ်၍ "ပြုစုသည်" သို့မဟုတ် "ဖေးမ ကူညီသည်" ဟူ၍ ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်မအားကြင်နာစွာဖြင့် စောင့်ကြည့်ခဲ့သည်" သို့မဟုတ် "ကျွန်မအပေါ်မှာ သနားခြင်း ကရုဏာရှိတော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-idiom )

ငါသည်. . . ခံရသော ကဲ့ရဲ့ခြင်း

ဤအရာသည် သူမ ခံစားခဲ့သော ရှက်ကြောက်ခြင်းကို ညွှန်းဆိုထားပါသည်။ အဘယ်ကြောင့်ဆိုသော် သူမ၌ သားသမီး မရနိုင်ခဲ့ပါ။