my_tn/luk/01/18.md

3.5 KiB

အကျွန်ုပ်သည် အဘယ်သို့ သိရပါမည်နည်း

"ကိုယ်တော်မိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်အကြောင်းကို အကျွန်ုပ်သည် အဘယ်သို့သေချာသိနိုင်ပါမည်နည်း"။ ဤနေရာ၌ "သိခြင်း" သည် အတွေ့ အကြုံအား ဖြင့် သင်ယူကာ သက်သေအနေဖြင့် နိမိတ် လက္ခဏာကို တောင်းဆိုရန် အကြံပြုနေခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရာဖြစ်ပျက်လိမ့်မည်အကြောင်း ကိုယ်တော်သည် ကျွန်ုပ်အား သက်သေအနေဖြင့် အဘယ်သို့ ပြုနိုင်တော်မူပါမည်နည်း"

ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။

ဤသည်မှာ ဇာခရိအား ပြင်းထန်စွာ အပြစ်တင်ခြင်းသဘောဖြင့် ဖော်ပြခဲ့ပါသည်။ ဂါဗြေလပေါ်လာခြင်းသည် ဘုရားသခင် ထံတော်မှ တိုက်ရိုက်ရောက်လာခြင်းဖြစ်၍ ဇာခရိအတွက် လုံလောက်သော သက်သေဖြစ်ပါ သည်။

ခစားသော

"ခစားသော သူ"

သင့်ကိုနှုတ်ဆက်၍ . . . . ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ၏။

ဤအရာသည် ပြုခြင်းပြကြိယာပုံစံဖြင့် ပြောဆိုခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင့်အား စကားပြောရန် ငါ့ကို စေလွှတ်တော်မူခဲ့ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive )

behold

N/A

စကားမပြောနိုင်ပဲ အ လျက်နေလိမ့်မည်

ဤအရာမှာ အထက်ပါပြောဆိုမှုအတိုင်း ဇာခရိသည် အ, လျက်နေမည်အကြောင်း ပြည့်စုံလာမည်ကို ထပ်၍ အထူးပြုပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အပြည့်အဝ စကားမပြောနိုင်ဘဲ ရှိနေမည်" သို့မဟုတ် "လုံးဝစကားမပြောနိုင်ဘဲ ရှိနေမည်" (ရှု၊ rc://*/ta/man/translate/figs-doublet )

ငါ့စကားကို မယုံသောကြောင့်

"ငါပြောသောအရာကို မယုံသောကြောင့်"

အချိန်တန်လျှင်

"ချိန်းချက်သော အချိန်ကာလ၌"