my_tn/luk/01/14.md

3.3 KiB

အကြောင်းမူကား

"အဘယ်ကြောင့်ဆိုသော်" သို့မဟုတ် "ဤအကြောင်းအရာထဲသို့ ဖြည့်စွက်ချက်"

ဝမ်းသာရွှင်မြူးခြင်း

ဤဝေါဟာရစကားလုံး နှစ်ခုတို့သည် တူညီသောအကြောင်းအရာကို ဆိုလိုပြီး အကယ်၍ သင်၏ ဘာသာစကား၌ ထပ်တူညီသော ဝေါဟာရစကားရပ် မရှိပါက တပြိုင်တည်း ပေါင်းစပ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အလွန်ဝမ်းမြောက် ရွှင်လန်းခြင်း" (ရှု၊ rc://*/ta/man/translate/figs-doublet )

ထိုသားကို ဖွားမြင်သောကြောင့်

"သူ၏ မွေးဖွားခြင်းကြောင့်"

ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်

"ထိုသူသည် ထာဝရဘုရားအတွက် အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မည်။ သို့မဟုတ် "ဘုရားသခင်သည် ထိုသူအား အလွန်အရေးပါသော ပုဂ္ဂုလ်တစ်ဦးအဖြစ် မှတ်ယူတော်မူလိမ့်မည်။"

သန့်ရှင်းသောဝိညာဥ်တော်နှင့် ပြည့်ဝလိမ့်မည်

ဤအရာသည် နိုးကြားတက်ကြွခြင်း။ ပုံသဏ္ဉာန်ဖြင့်အစပြုခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "သန့်ရှင်းသော၀ိညာဥ်တော်သည် ထိုသူအား တန်ခိုးနှင့် ပြည့်စုံစေတော်မူလိမ့်မည်။" သို့မဟုတ် "သန့်ရှင်းသော ဝိညာဥ်သည် ထိုသူအားလမ်းပြပို့ဆောင်တော်မူလိမ့်မည်"။ ဤသည်မှာ ဝိညာဥ်ဆိုးသည် ပုဂ္ဂိုလ်တစ်ဦးပေါ်၌ ပြုသကဲ့သို့ မဟုတ်ကြောင်းကို သတိပြု ပါ။ (ရှု၊ rc://*/ta/man/translate/figs-activepassive )

အမိဝမ်းထဲကပင်

လူတို့သည် မမွေးဖွားမှီကပင် သန့်ရှင်းသော ဝိညာဥ်တော်နှင့် ပြည့်ဝနိုင်သည်။ သို့သော်လည်း မမွေးဖွားသေးသော သူငယ်တစ်ယောက်သည် သန့်ရှင်းသော ဝိညာဥ်တော်နှင့် ပြည့်ဝသည်အကြောင်းကို မည်သူမျှ မကြားရပါ။