my_tn/luk/01/11.md

4.0 KiB

ဆက်စပ်ဖော်ပြချက်

ဇာခရိသည် သူ၏တာဝန်ဝတ္တရားကို ထမ်းဆောင်နေစဥ် ဘုရားသခင်ထံမှ ကောင်းကင် တမန်တပါး ကြွလာပြီး သတင်းစကားတစ်ခုကို ပေးပါသည်။

ထိုအခါ

ဤစကားလုံးသည် ပုံဝတ္တု၏ လှုပ်ရှားသက်ဝင်ခြင်း၏ အစပြုခြင်းကို ရေးမှတ်ထားပါသည်။

ထင်ရှား၍

"သူ့ထံသို့ ရုတ်တရက်ရောက်လာခဲ့သည်" သို့မဟုတ် "ဇာခရိအတွက် ရုတ်တရက် ဖြစ်ခဲ့ရပါသည်"။ ဤထင်ရှားဖော်ပြခြင်းတွင် ကောင်းကင်တမန်သည် ဇာခရိအား ကိုယ်တိုင် မြင်သာအောင် ထင်ရှားခြင်းဖြစ်သည်။ ရူပါရုံအားဖြင့် မဟုတ်ပါ။

ဇာခရိသည် . . . စိတ်နှလုံးမငြိမ်မဝမ်ထိတ်လန့်ခြင်းသို့ရောက်၏

ဤစကားစုနှစ်စုတို့သည် တစ်မျိုးတည်းဖြစ်၍ ဇာခရိ အဘယ်မျှလောက်ကြောက်ရွံ့သည်ကို အထူးပြုထားပါသည်။

ဇာခရိသည် မြင်လျှင်

"ဇာခရိသည် ကောင်းကင်တမန်ကို မြင်သော အခါ"။ ကြောက်ရွံ့ခြင်း၏အကြောင်းအရင်းမှာ ကောင်းကင်တမန်၏ သဘာဝ ပကတိပေါ် မှာ ထိတ်လန့်တုန်လှုပ်ခြင်း ဖြစ်ပါသည်။ ဇာခရိသည် မည်သည့် အမှားအယွင်းကိုမျှ မပြုခဲ့ပါ။

ထိန့်လန့်ခြင်းသို့ရောက်၏။

အကယ်၍ ဇာခရိအပေါ်၌ တစ်စုံတစ်ရာက တိုက်ခိုက်ခြင်း သို့မဟုတ် အောင်နိုင်ခြင်းဖြစ်ခဲ့သည့်သဘောကို ကြောက်ရွံ့ခြင်းဟူ၍ ဖော်ပြခဲ့ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor )

ကြောက်ရွံ့ခြင်းမရှိနှင့်

"ငါ့ကို ကြောက်ရွံ့ခြင်းမှ ရပ်တန့်လိုက်ပါ" သို့မဟုတ် "သင်သည် ငါ့အားကြောက်ရွံ့ဖို့ရန် မလိုပါ"

သင်ပြုသော ပဌနာကို နားခံတော်မူပြီ

"သင် ဘာတောင်းဆိုသည်ကို ဘုရားသခင် ကြားတော်မူ၏"။ အောက်ပါတို့ကိုလည်း ညွှန်ပြကာ ပေါင်းထည့်နိုင်သည် - "ထိုအရာကိုပေးတော်မူမည်"၊ ဘုရားသခင်သည် ဇာခရိ ဆုတောင်းခြင်းကို ကြားတော်မူခြင်း သက်သက်မဟုတ်၊ ထိုအရာကို ပြုတော်မူလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

သားယောက်ျားကို ဖွားမြင်လိမ့်မည်

"သင်သည် သားကို ရလိမ့်မည်" သို့မဟုတ် "သင့်အတွက် သားကို မွေးဖွားပေးလိမ့်မည်"