my_tn/luk/01/08.md

4.1 KiB

အလှည့်သင့်၍

ဤစကားစုသည် သတင်းအချက်အလက်နှင့် နောက်ခံအကြောင်းမှ ပါဝင်သူများသို့ ပြောင်းလဲမှုကို မှတ်သားရန်အသုံးပြုခဲ့သည်။

သူ၏ အသင်းနှင့်တကွ အလှည့်သင့်ခြင်း ထဲ ၌

"သူ့အဖွဲ့၏ အလှည့်ကျရောက်သောအခါ" သို့မဟုတ် "သူ့အဖွဲ့အတွက် အစေခံရန် အချိန်ကျရောက်ခဲ့သောအခါ"

ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့် . . . နံ့သာပေါင်းကို မီးရှို့ရ၏။

ဤဝါကျသည် ယဇ်ပုရောဟိတ်ဆိုင်ရာ တာဝန်ဝတ္တရားများကို ဖွင့်ပြပေးပါသည်။ (ရှု၊ rc://*/ta/man/translate/writing-background )

ထုံးစံအတိုင်း

"ဓလေ့ရိုးရာအစဥ်အလာနှင့် ဆိုင်သော နည်းလမ်း" သို့မဟုတ် " သူတို့ ပုံမှန်ကျင့်သုံးသော နည်းလမ်း"

စာရေးတံ ချသဖြင့်

စာရေးတံဟူသည်မှာ တစ်စုံတစ်ရာကို ဆုံးဖြတ်ခြင်း၌ အထောက်အကူပြုရန် မှတ်သားသော ကျောက်တုံးတစ်ခုကို မြေပြင်ပေါ်သို့ ပစ်ချခြင်း သို့မဟုတ် လှိမ့်ချခြင်း ဖြစ်ပါသည်။ ယဇ်ပုရောဟိတ်တို့သည် မည်သည့် ယဇ်ပုရောဟိတ်ကို ဘုရားသခင် အလိုတော်ရှိတော်မူကြောင်း ရွေးချယ်ရန် သူတို့အား ဖော်ပြရာတွင် လမ်းပြပေးခဲ့သည်ဖြစ်ကြောင်း ယုံကြည်ခဲ့ကြပါသည်။ (ရှု၊ bylot)

နံ့သာပေါင်းကို မီးရှို့ရ၏။

ယဇ်ပုရောဟိတ်တို့သည် နံနက်နှင့် ညဦးယံတိုင်း ဗိမာန်တော်အတွင်း၌ သီးသန့်သတ်မှတ်ထားသော ယဇ်ပလ္လင်ပေါ်တွင် မွှေးကြိုင်သော နံ့သာပေါင်းကို မီးရှို့ခြင်းဖြင့် ဘုရားသခင်အား ယဇ်ပူဇော်ရပါသည်။

လူများအပေါင်းတို့သည်

"ကြီးမား များပြားသော လူအုပ်တစ်အုပ်" သို့မဟုတ် "လူအမြောက်အမြား"

ပြင်၌

တံတိုင်းတော်သည် ဗိမာန်တော်ပတ်ပတ်လည် ဧရိယာနှင့် ကင်းလွတ်သော နေရာတစ်ခု ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ဗိမာန်တော်အပြင်ဖက်" သို့မဟုတ် "ဗိမာန်တော်၏ တံတိုင်းတော် အပြင်ဖက်" (ရှု၊ rc://*/ta/man/translate/figs-explicit )

အချိန်တွင်

"သတ်မှတ်သောအချိန်"။ နံ့သာပေါင်းကို မီးရှို့ပူဇော်ခြင်းအချိန်သည် နံနက် သို့မဟုတ် ညဦးအချိန် ဖြစ်မည်အကြောင်း၎င်း မသေမချာ ဖြစ်သည်။