my_tn/luk/01/05.md

5.4 KiB

ဆက်စပ်ဖော်ပြချက်

ယောဟန် မွေးဖွားခြင်းအကြောင်း ကောင်းကင်တမန်မှ ကြို တင်၍ ဟောပြောခြင်းများ

ယေဘုယျအချက်အလက်

ဇာခရိနှင့် ဧလိရှဗက်တို့အား မိတ်ဆက်ခဲ့သည်။ ဤကျမ်းချက်များက သူတို့၏ နောက်ခံသမိုင်းကြောင်းကို ဖွင့်ပြပေးသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်

"ဟေရုဒ်မင်းသည် ယုဒပြည်ကို အုပ်စိုးသော အချိန်ကာလအတောအတွင်း (ရှု၊ rc://*/ta/man/translate/writing-newevent )

အမည်ရှိသော

"ထိုနေရာ၌ တိကျသောသူ" သို့မဟုတ် "ထိုနေရာ၌" ။ ဤသည်မှာ ပုံဝတ္ထုထဲ၌ အသစ်သောဝိသေသ လက္ခဏာ တစ်ခုကို အစပြုနိဒါန်းပျိုးခြင်း နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဤအရာပေါ်မှာ သင်၏ ဘာသာစကားက မည်သို့ ကောက်ချက်ချသနည်း။ (ရှု၊ rc://*/ta/man/translate/writing-participants )

အသင်းအဝင်

ဤအရာသည် ယဇ်ပုရောဟိတ်များကို ညွှန်းဆိုကြောင်း နားလည်ရပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယဇ်ပုရောဟိတ်များ၏ အသင်းဝင်" သို့မဟုတ် "ယဇ်ပုရော ဟိတ်အုပ်စုများ" (ရှု၊ rc://*/ta/man/translate/figs-explicit )

အဘိယ အသင်းအဝင်

"အဘိယမှ ဆင်းသက်ခဲ့သောသူ"။ အဘိယသည် ဤယဇ်ပုရောဟိတ်အုပ်စုများ၏ ဘိုးဘေးဘီဘင် တစ်ဦးဖြစ်ပြီးထိုသူတို့အားလုံးမှာ ဣသရေလလူမျိုးတို့၏ ပထမဦးဆုံးသော ယဇ်ပုရောဟိတ်ဖြစ်သည့် အာရုန်မှ ဆင်းသက်သော မျိုးနွယ်စုများဖြစ်ကြပါသည်။

သူ၏ ခင်ပွန်းသည် အာရုဏ်အမျိုးအနွယ်ဖြစ်၏။

"သူ၏ ခင်ပွန်းသည် အာရုန်မှ ဆင်းသက်ခဲ့ပါသည်။" ဆိုလိုသည်မှာ သူမသည်လည်း ဇာခရိကဲ့သို့ ယဇ်ပုရောဟိတ်မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက် - " သူ၏ ဇနီးမယားမှာလည်းပဲ အာရုန်မှ ဆင်းသက်ခဲ့ပါသည်" သို့မဟုတ် "ဇာခရိနှင့် သူ၏ မယား ဧလိရှဗက်တို့ နှစ်ဦးစလုံးသည် အာရုန်မှ ဆင်းသက် လာခဲ့ကြပါသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit )

အာရုဏ် အမျိုးအနွယ်ဖြစ်၏

"အာရုန်မှ ဆင်းသက်လာခဲ့ကြသည်"

ဘုရားသခင့် ရှေ့တော်၌

"ဘုရားသခင်၏ အမြင်၌" သို့မဟုတ် " ဘုရားသခင် သဘောတော်၌"

ထာဝရဘုရား၏ ပညတ်တရားတော်များ အားလုံး နှင့် သခင်ဘုရား၏ မိန့်တော်မူချက်များ

"သခင်ဘုရာ၏ မိန့်တော်မူသမျှသောအရာများနှင့် တောင်းဆိုချက်များအားလုံး"

သောကြောင့်

ဤဆန့်ကျင် ကွဲလွဲသော စကားလုံးသည် ထိုနေရာ၌ အဘယ်သို့ နားလည်သဘောပေါက်သည်မှာ မျှော်လင့်သောအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို ဖော်ပြပေးပါသည်။ လူတို့က မှန်သောအရာကို ပြုခဲ့ကြပါက ဘုရား သခင်သည် သူတို့အား သားသမီးများ ပေးမည်ဟု မျှော်လင့်ခဲ့ကြပါသည်။ ဤလင်မယားနှစ်ဦးတို့သည် မှန်သောအရာကို ပြုခဲ့ကြသော်လည်း သူတို့၌ သားသမီး မရှိခဲ့ပါ။