my_tn/jud/01/20.md

2.6 KiB

ဆက်စပ်မှုဖော်ပြချက်

ယုဒကယုံကြည်သူများအား မည်ကဲ့သို့ အသက်ရှင်နေထိုင်ရမည်နှင့် တခြားသူများကို မည်ကဲ့သို့ဆက်ဆံရမည်ကို ပြောထားပါသည်။

ချစ်သူတို့သင်တို့သည်...မိမိတို့ကိုတည်ဆောက်လျက်

ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းအရာ၌ တိုးပွားလာခြင်းနှင့်သူ့ကို နာခံခြင်းကို အဆောက်အအုံတစ်လုံးအားတည်ဆောက်သောလုပ်ငန်းစဉ်တစ်ခုကဲ့သို့ ပြောဆိုထားသည်။ ''ချစ်သူတို့ ထိုသူတို့နည်းတူမဖြစ်စေနှင့်။ သူတို့ကဲ့သို့မဟုတ် မိမိကိုယ်ကိုတည်ဆောက်လျက် အသက်ရှင်ကြပါ။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မျှော်လင့်၍

"စိတ်အားထက်သန်စွာမျှော်လင့်"

ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက်၍

ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုဆက်လက် လက်ခံနိုင်စွမ်းရှိခြင်းကို လူတစ်ယောက်ကသေချာသည့်နေရာတစ်ခုတွင်ကိုယ့်ကိုယ်ကိုထိန်းသိမ်းထားသကဲ့သို့ပြောဆိုထား သည်။

ထာဝရအသက်အလို့ငှါ ယေရှုခရစ်တော်၏ ဂရုဏာတော်ကို

ဤနေရာတွင် ''ဂရုဏာ'' ဟူသောစကားလုံးသည် သူနှင့်အတူ ထာဝရအသက်ရှင်ရန်ပြုလုပ်ပေးခြင်းအားဖြင့် ယုံကြည်သူများကို ဂရုဏာပြမည်ဖြစ်သော ယေရှုခရစ်တော်ကိုယ်တိုင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)