my_tn/jud/01/12.md

5.1 KiB

ဆက်စပ်မှုဖော်ပြချက်

ယုဒက ဘုရားမဲ့လူများကို ဖော်ပြရန်အတွက် ဤပုံဥပမာများကို အသုံးပြုသည်။ သူက သူတို့ကြားတွင်ရှိနေသော ထိုလူများကို မည်ကဲ့သို့သိရှိရန် ယုံကြည်သူများကို ပြောပြသည်။

not applicable

not applicable

not applicable

not applicable

ညိုးနွမ်း၍ အသီးမတင်

ဖြစ်နိုင်ခြေအဓိပ္ပါယ်များမှာ ဤလူများသည် (၁) ဆွတ်ခူးရန် မျှော်လင့်ထားသော အပင်ဖြစ်သော်လည်း အသီးမသီး (၂) အသီးလုံးဝမသီးသောအပင်များ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသီး

ဤအရာသည် ဘုရားသခင်ကို ‌ကျေနပ်စေသောအသက်တာနှင့် လူတွေကို ကူညီသောအသက်တာကို ပုံဥပမာပြုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

နှစ်ကြိမ်သေ၍ နုတ်ပစ်သောသစ်ပင်ကဲ့သို့၎င်း

လူတစ်ဦးက သစ်ပင်တစ်ပင်၏အမြစ်ကိုနုတ်ပစ်လိုက်ခြင်းသည် သေခြင်းကိုပုံဆောင်သော သာဓကတစ်ခုဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အမြစ်မှနုတ်ပစ်သော

မြေကြီးမှသူတို့၏အမြစ်များကို လုံးဝနုတ်ပစ်လိုက်ခြင်းခံရသော အပင်များကဲ့သို့ ဘုရားမဲ့လူများသည်အသက်၏အရင်းအမြစ်ဖြစ်သော ဘုရားသခင်ထံမှ ခွဲခြားထားခြင်းခံရသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ပွက်စေသောလှိုင်းတံပိုးရိုင်းကဲ့သို့

ပင်လယ်လှိုင်းများသည် ပြင်းထန်သောလေအားဖြင့် တိုက်ခတ်ခြင်းခံရသကဲ့သို့ ဘုရားမဲ့လူများသည် နည်းမျိုးစုံဖြင့် လွယ်ကူစွာ ပယ်ရှားခြင်းခံရသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မိမိရှက်ကြောက်ခြင်းအကြောင်းကိုပွက်စေတတ်သော

လေသည် လှိုင်းတံပိုးရိုင်းကိုထလျက် ညစ်ညမ်းသောရေမြုပ်ကိုဖြစ်စေသကဲ့သို့ ဤလူများသည် သူတို့၏ မှားယွင်းသော သွန်သင်ချက်နှင့် လုပ်ဆောင်ချက်အားဖြင့် မိမိကိုယ်မိမိ အရှက်ရစေသည်။ တခြားသောဘာသာပြန်ဆိုချက်မှာ လှိုင်းတံပိုးများမှ ရေမြုပ်နှင့် ညစ်ညမ်းသောအရာများကို ယူဆောင်လာသကဲ့သို့ ဤလူများသည် တခြားသောသူများကို သူတို့၏ အရှက်တရားများအားဖြင့် ညစ်ညမ်းစေသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကြယ်ပျံ

ကြယ်များကိုလေ့လာသော ရှေးခေတ်ကလူများသည် ကြယ်ပျံများရွေ့လျားသည်အတိုင်း ဂြိုလ်များမရွေ့လျားကြောင်းကို သတိပြုမိကြသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ ''ကစဉ့်ကလျားဖြစ်နေသောကြယ်များ'' (သို့မဟုတ်) ရွေ့လျားနေသောကြယ်များ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုကြယ်ပျံတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏

"ကြယ်များ။ သူတို့အားထာဝရသိမ်းထားရန်အတွက် လုံးဝမှောင်မိုက်သော နေရာတစ်ခုကို ဘုရားသခင်ကပြင်ဆင်ထားပါသည်။"