my_tn/jud/01/05.md

2.9 KiB

ဆက်စပ်မှုဖော်ပြချက်

ယုဒက လွန်ခဲ့သော အတိတ်ကာလက သခင်ဘုရားစကားကို မနာခံ၊ မလိုက်လျှောက်သောသူများ၏ ဥပမာပေး ဖော်ပြထားပါသည်။

ငါသည် သတိပေး၍ ပြောချင်သော

"ငါသည် သင်တို့ကို သတိရစေချင်သည်။"

သင်တို့သည် သိနှင့်သော်လည်း

ဖြစ်နိုင်ချေရှိသော အဓိပ္ပါယ်များ ၁။ "တခါက ... ပြည့်စုံစွာ" ဟူသော စကားလြများသည် စာဖတ်သူများ မည်ကဲ့သို့ သိခဲ့သည်ကို ပြောခြင်းဖြစ်သည်။ သို့မဟုတ် ၂။ "တခါကသင်တို့သည် ဤအရာကို ပြည့်စုံစွာ သိခဲ့သော်လည်း"

ထာဝရဘုရားသည် ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်

"သခင်ဘုရားသည် အဲဂုတ္တုပြည်မှ ဣသရေလ လူမျိုးများကို ရှေးယခင်က ကယ်တင်ခဲ့ပါသည်။"

ထာဝရဘုရား

တချို့သော ကျမ်းချက်များထဲတွင် "ယေရှု" ဟု ရေးသားထားပါသည်။

မိမိတို့အခွင့်အရာ

"ဘုရားသခင်မှ သူတို့အား ယုံကြည်စွာ အပ်နှံထားသော တာဝန်ဝတ္တရားများ"

မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော

သူတို့၏သတ်မှတ်ထားသော နေရာ ကိုစွန့်ပစ်သည်။

ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏

"ဘုရားသခင်သည် ဤကောင်းကင်တမန်များကို သူတို့ဘယ်သောအခါမှ မလွှတ်မြောက်နိုင်သော မှောင်မိုက်သော အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားသည်။"

ကြီးစွာသောနေ့

ဘုရားသခင်မှ လူတိုင်းကို တရားစီရင်မည့် နောက်ဆုံးသောနေ့