my_tn/jos/07/14.md

4.6 KiB

ဆက်စပ်မှုဖော်ပြချက်

ထာဝရဘုရားသခင်သည် ယောရှုထံအာ ဣသရေလအမျိုးထံသို့ ပြောရမည့်စကားအား ဆက်လက်၍ မှာတော်မူ၏။

သင်တို့သည် အမျိုးအနွယ်အလိုက် ချဉ်းကပ်ရကြမည်

ဣသရေလအမျိုးတို့တွင် မျိုးနွယ်စု တစ်ဆယ့်နှစ်မျိုးရှိသည်။ "အမျိုးအနွယ်အလိုက်" ဟူသော စကားစုသည် "မျိုးနွယ်စုအသီးသီး" ဟု အဓိပ္ပါယ် ရှိသည်။ အခြားသောဘာသာပြန်ချက်၊ "မျိုးနွယ်စုအသီးသီး အလိုက် ထာဝရဘုရားသခင် ရှေ့တော်သို့ ချဉ်းကပ်ရကြမည်"။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ မျိုးနွယ်စုနှင့် ချဉ်းကပ်ရကြမည်

လူမျိုးနွယ်စုသည် မျိုးနွယ်စုအများဖြင့် စုပေါင်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာ၀ရဘုရား မှတ်တော်မူသော အမျိုးမှ၊ မျိုးနွယ်စု အသီးသီးက ချဉ်းကပ်ရမည်"။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထာဝရဘုရား မှတ်တော်မူသော လူမျိုးစု

ဣသရေလအမျိုးတို့တွင် ခေါင်းဆောင်များသည် စာရေးတံချ၍ မည်သည့်လူမျိုးစုကို ထာ၀ရဘုရား မှတ်တော်မူသည်ကို သိကြမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စာရေးတံချ၍ ထာ၀ရဘုရား မှတ်တော်မူသော လူမျိုးစု" သို့မဟုတ် "စာရေးတံချသော အချိန်တွင် ထာ၀ရဘုရား မှတ်တော်မူသော လူမျိုးစု"။

ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်

အမျိုးသည် အိမ်ထောင်စုအများဖြင့် စုပေါင်းဖွဲ့စည်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား မှတ်တော်မူသော အမျိုးမှ အိမ်ထောင်စုအသီးသီးက ချဉ်းကပ်ရမည်"။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်

အိမ်ထောင်စုသည် လူအများဖြင့်ဖွဲ့စည်းထားသည်။ အခြားသောဘာသာပြန်ဆိုချက် "အိမ်ထောင်စုအသီးသီးမှ ထာဝရဘုရား မှတ်တော်မူသော လူအသီးသီးတို့က ချဉ်းကပ်ရမည်"။ (ရှု၊ rc://*/ta/man/translate/figs-idiom)

မှတ်တော်မူသောသူ

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား မှတ်တော်မူသော သူ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက်၍

ပဋိညာဉ်တရားကို ဖျက်ဆီးခြင်းသည် မနာခံ၊ မလိုက်နာခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို မလိုက်လျှောက်ပါ"။ (ရှု၊ rc://*/ta/man/translate/figs-metaphor)