my_tn/jos/07/10.md

3.6 KiB

ယေဘုယျအချက်အလက်

ထာ၀ရဘုရားက ဣသရေလအမျိုးတို့သည် အဘယ်ကြောင့် ကျိန်ခြင်းခံကြသည်ကို ယောရှုအား ပြောလေ၏။

အဘယ် ကြောင့် ဝပ်၍နေသနည်း

ဘုရားသခင်သည် ၀ပ်၍နေသော ယောရှုကို တားဆီး၍ ပြောသောမေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေပေါ်သို့ ၀ပ်၍ နေခြင်းကို ရပ်လော့"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကျိန်အပ်သောအ ရာများ

ဖျက်ဆီးရန်အတွက် "သတ်မှတ်ထားသော အရာများ" အခြားသောဘာသာပြန်ချက်၊ "ကျိန်ခြင်းခံ အရာများ" သို့မဟုတ် "ဘုရားသခင်၏ ကျိန်ခြင်းခံသော အရာများ"။

ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ

သူတို့၏ အပြစ်များကို ဝှက်ထားခြင်းက သူတို့၏ အပြစ်များ သူတပါးအား မသိစေခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ခိုးယူ၍ သူတို့၏ အပြစ်များကို သူတပါး မသိအောင် ပြုကြ၏"။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊

ရန်သူတို့ ရှေ့မှာ ရပ်နိုင်ခြင်းသည် ရန်သူများကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ရန်သူများကို အောင်မြင်စွာ မတိုက်နိုင်ကြ" သို့မဟုတ် "သူတို့၏ ရန်သူများကို သူတို့ မနိုင်"။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရန်သူတို့ရှေ့မှာ ကျောကို လှည့်ရကြ၏

ဤကဲ့သို့ ပြုမူခြင်းသည် ရန်သူတို့၏ ရှေ့မှ ထွက်ပြေးခြင်းကို ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ရန်သူတို့မှ ထွက်ပြေးကြ၏"။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်တို့နှင့်အတူ ငါမနေ

ဣသရေလအမျို့တို့နှင့် အတူနေခြင်းသည် သူတို့အားကူညီခြင်းကို ဖော်ပြသည်။ အခြားသောဘာသာပြန်ချက်၊ "သင်တို့ကို ငါသည် ကူညီမည် မဟုတ်"၊ (ရှု၊ rc://*/ta/man/translate/figs-metonymy)