my_tn/jon/02/09.md

2.5 KiB

ယေဘုယျအချက်အလက်

ယောန ဆက်လက်၍ ဆုတောင်းနေခြင်းဖြစ်သည်။

အကျွန်ုပ်မူကား

ဤအရာက ယောနနှင့် ထိုလူများအကြား ခြားနားချက်များကို နှိုင်းယှဉ် ဖော်ပြလိုခြင်းဖြစ်သည်။ သူတို့သည် အားကိုး၍ မရသော ဘုရားများကို အာရုံပြုနေကြသော်လည်း သူသည် ထာ၀ရဘုရားကိုသာ ကိုးကွယ်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော် အကျွန်ုပ်သည်"

ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။

ယောနသည် ကိုယ်တော်အား ယဇ်ပူဇော်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းပင် ဖြစ်သည်။ ယောနက ကိုယ်တော်အား ကျေးဇူးတော် ချီးမွမ်းခြင်းကို သီချင်းအားဖြင့် သီဆိုချီးမွမ်းခြင်း သို့မဟုတ် ဝမ်းမြောက်စွာ အော်ဟစ်ချီးမွမ်းသည် ဟူ၍ မသဲမကွဲ ဖော်ပြထားသည်။

ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု

ဤစကားသည် နှုတ်အားဖြင့် ပြောဆိုနေကြသော "ကယ်တင်ခြင်း" ဆိုသော စကားလုံးကို "ချမ်းသာ" ဟူသော စကားလုံးဖြင့် ဖော်ပြခြင်းဖြစ်သည်။ "ထာ၀ရဘုရားသည် လူသားတို့ကို ချမ်းသာပေးသော တစ်ပါးတည်းသော ဘုရားဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ကုန်းပေါ်သို့

"မြေပြင်တွင်" သို့မဟုတ် "ကမ်းခြေတွင်"