my_tn/jon/02/01.md

2.7 KiB

မိမိ ဘုရားသခင် ထာဝရဘုရား

ဤအရာမှာ "ယာဝေ" အမည်ရှိသည့် သူကိုးကွယ်သော ထာ၀ရဘုရားကို ဆိုလိုပါသည်။ 'မိမိဘုရား' ဟုသုံးနှုန်းရာ တွင် ယောန၏ ကိုယ်ပိုင်ဘုရားဟု ဆိုလိုခြင်း မဟုတ်ပါ။

ဆုတောင်းသောစကားဟူ မူကား၊

"ယောန ပြောသော စကား"

ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍

"ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍ "ယောန ဆုတောင်းသောအခါ ထာ၀ရဘုရားကို "သင်" ဟုမသုံးဘဲ ထာ၀ရဘုရား၏ အမည်နာမ ကိုသာ သုံးပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာ၀ရဘုရား၊ ငါ၏ ပူပင်သောကအတွက် သင့်ကို ခေါ်ပါ ၏"

ငါ့စကားကို ကြားတော်မူ၏

"ထာ၀ရဘုရားက သူ့ကို ပြန်လည် တုန့်ပြန်ခဲ့ပါသည်" သို့မဟုတ် "သူ ကျွန်တော့်ကို အကူအညီ ပေးပါသည်"

မရ ဏာနိုင်ငံ၏ဝမ်းထဲက

"မရဏာနိုင်ငံ၏ ဝမ်းထဲက" သို့မဟုတ် "မရဏာနိုင်ငံ၏ အနက်ဆုံးထဲက" ဖြစ်နိုင်ဖွယ်ရှိသော အဓိပ္ပါယ်မှာ (၁) ယောနပြော စကားသည် ဝေလငါးကြီး ဝမ်းထဲ၌ ရှိနေသော အရာကို မရ ဏာနိုင်ငံ၏ ဝမ်းထဲက ဟုဆိုခဲ့ခြင်းဖြစ်သည်။ သို့မဟုတ် (၂) ယောနက သူသည် သေဆုံးပြီး မရဏာနိုင်ငံသို့ သွားရမည်ဟု ယုံကြည်နေသည်။ သို့မဟုတ် (၃) သူက အကယ်၍ သူသေဆုံးခဲ့လျင် ထိုနေရာ ရောက်မည်ဟု ဆိုခဲ့သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)