my_tn/jol/03/18.md

4.4 KiB

ယေဘုယျ အချက်အလက်

ဘုရားသခင်သည် ဖြစ်လာမည် ထာဝရဘုရား၏ နေ့ရက်အကြောင်းကို ဆက်လက်ပြောကြားသည်။

ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည်။

"ချိုသော စပျစ်ရည်သည် တောင်တို့မှ ယိုလိမ့်မည်" ဆိုသည်မှာ မြေကြီးသည် မြေဩဇာကောင်းလွန်ကြောင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တောင်များ၌ ရှိသော စပျစ်ပင်များသည် အလွန်များပြားသော ချိုသော စပျစ်ရည် ဖြစ်ထွန်းစေသည်။" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။

"ကုန်းတို့မှ နို့ရည် ထွက်လိမ့်မည်။" အခြားသော ဘာသာချက်၊ "တောင်ပေါ်ရှိ သင်တို့၏ သိုး၊ နွား နှင့် ဆိတ်တို့မှ များပြားလှသော နို့ရည် ထွက်လိမ့်မည်။"

ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။

ယုဒပြည်ရှိ မြစ်ချောင်းများ အားလုံး၌ ရေစီးကြလိမ့်မည်။

စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။

"အကာရှာလွင်ပြင်သို့ ရေ စေလွှတ်လိမ့်မည်"။ "ရှိတ္တိမ်" သည် ယောဒန်မြစ်၏ အ​ရှေ့ဖက်နေရာတစ်ခု၏ နာမည်ဖြစ်သည်။ ၎င်းနာမည်၏ အဓိပ္ပါယ်မှာ "အကာရှာ သစ်ပင်များ" (ရှု၊ rc://*/ta/man/translate/translate-names)

ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍

"အပြစ်မဲ့သောသွေး" ဆိုသည်မှာ အသတ်ခံရသည့် အပြစ်မရှိသော သူတို့ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သားတို့နှင့် ဧဒုံလူမျိုးတို့သည် အပြစ်မရှိသော ယုဒလူမျိုးတို့ကို သတ်သောကြောင့်ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊

"အဲဂုတ္တုပြည်သားတို့နှင့် ဧဒုံလူမျိုးတို့သည် အပြစ်မရှိသော ယုဒလူမျိုးတို့ကို သတ်သောကြောင့် ဖြစ်သည်"

အဲဂုတ္တုပြည် သည်လူဆိတ်ညံလျက် ရှိလိမ့်မည်။

အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သည် ဖျက်ဆီးခြင်းခံရ၍ လူတို့သည် စွန့်ခွာ သွားလိမ့်မည်"။ သို့မဟုတ် "ရန်သူတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီး၍ ပြည်သားတို့သည် ၎င်းတို့ တိုင်းပြည်ကို ထားရစ်လိမ့်မည်"။

ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။

"ဧဒုံပြည်သည် ကန္တာရဖြစ်ကာ လူတို့သည် စွန့်ခွာကြလိမ့်မည်။"