my_tn/jol/03/09.md

1.8 KiB

စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။

ဤစကားစုနှစ်ခုသည် စစ်သားများကို စစ်ပွဲအတွက် ပြင်ဆင်ကြရန် ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

စစ်သူရဲတို့ကို နှိုးဆော်ကြလော့။

"စစ်သူရဲတို့ကို လှုပ်ရှားရန် အဆင်သင့်ဖြစ်စေ"

သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလော့။

ဤစကားစုနှစ်ခုသည် တူညီသော အဓိပ္ပါယ်ရှိသည်။ နှစ်ခုစလုံးက စိုက်ပျိုးရေးကိရိယာများကို စစ်လက်နက်အဖြစ် ပြောင်းလဲရန် ညွှန်ကြားသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

သံထွန်သွားများ

သီးနှံများ စိုက်ပျိုးရန် မြေကြီးတူးဆွရာ၌ အသုံးပြုသောကိရိယာများဖြစ်သည်။

တံစဉ်များ

သေးငယ်သော အကိုင်းအခက်များ ဖြတ်ရန်အသုံးပြုသော ဓားများဖြစ်သည်။