my_tn/jol/03/01.md

3.0 KiB

ယေဘုယျ အချက်အလက်

ဘုရာသခင်သည် အနာဂတ်ဖြစ်ရပ်များအကြောင်း ဆက်လက် ပြောကြားသည်။

ကြည့်လော့

"ကြည့်လော့" ဟူသော စကားလုံးသည် ၎င်းနောက်မှ လိုက်လာမည့် အကြောင်းအရာများကို အလေးပေးရန် ထပ်ဖြည့်သော စကားဖြစ်သည်။

ထိုနေ့ရက်ကာလ၌

"ထိုကာလ၌" ဆိုသည့် စကားစုသည် "ထိုနေ့ရက်" ဟူသော စကားစုကိုပင် ရည်ညွှန်းကာ တူညီသောအဓိပ္ပါယ်ကို ဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုနေ့ရက်များ၌" သို့မဟုတ် "ထိုကာလ၌" (ရှု၊ rc://*/ta/man/translate/figs-doublet)

ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ

အခြားသော ဘာသာပြန်ဆိုချက်၊ "သိမ်းသွားခြင်း ခံရသောသူများကို ယုဒပြည်နှင့် ​ယေရုရှလင် သို့ ပြန်လည်ပို့ဆောင်မည်။

ငါ၏အမွေလူ ဣသရေလအမျိုး

ဤစကားစုနှစ်ခုသည် ဣသရေလလူမျိုးတို့အပေါ် ထာ၀ရဘုရား၏ သဘောထားအမြင်ကို ပေါ်လွင်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ၏ အမွေဖြစ်သော ဣသရေလလူမျိုး" (ရှု၊ rc://*/ta/man/translate/figs-doublet)

လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း ဖယ်လှယ်ကြပြီ တကား

ဤအရာများသည် မတူညီသည့် ကလေးအုပ်စုနှစ်ခုပေါ် ကျူးလွန်ခြင်းမဟုတ်ဘဲ သူတို့ပြုခဲ့သည့် သာဓကများဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောက်ျားလေးကို ပြည့်တန်ဆာနှင့် လည်းကောင်း၊ သူတို့သောက်သုံးဖို့ စပျစ်ရည်နှင့် မိန်းကလေးကို လည်းကောင်း၊ ရောင်းဝယ်ကြသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)