my_tn/job/34/26.md

3.5 KiB

ယေဘုယျအချက်အလက်

‌ဧလိဟုက ဆက်ပြီးစကားပြောဆိုသည်။

သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။

ဤစကားစုသည် လူများသည် ရာဇဝတ်အဖြစ် မည်သို့သေကြသည်ကို နှိုင်းယှဥ်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မကောင်းသောအမှုကို လုပ်သောသူများကို သတ်သည်။ သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့တွင် ရာဇဝတ်သားများဖြစ်လာကြသည်" ( ရှု၊rc://*/ta/man/translate/figs-simile)

ပရိသတ်ရှေ့မှာ

ဤအရာသည် ဒေသသုံးစကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်းက မြင်တွေ့နိုင်သောနေရာ" ( ရှု၊ rc://*/ta/man/translate/figs-idiom)

ဒဏ်ခတ် တော်မူ၏။

ဤအရာက ဘုရားသခင်သည် သူတို့ကို ဓါးအားဖြင့် တကယ်မသတ်သော်လည်း လူများကို သတ်စေရန်အကြောင့်ဖြစ်စေသည်ဟူသောအရာကို ပြောဆိုထားပါသည်။ သူ့အနေဖြင့် သူတို့ကို သတ်စေရန် တစ်စုံတစ်ယောက်ကို ဖြစ်စေသည်" သို့မဟုတ် "သူတို့အပေါ် ၌ ကပ်ဘေးဆိုက်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို သေစေရန်အကြောင်း ဖြစ်စေသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ပြုတော်မူသော အမှုတို့ကို

လူများသည် မည်သို့ ကျင့်ကြံပြုမူသင့်သည်ကို ဘုရားသခင်၏ သွန်သင်ခြင်းအဖြစ် ရည်ညွှန်းထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။

"ငိုကြွေးသည်" ဟူသော စကားလုံးသည် ကြိယာအဖြစ်ဖော်ပြနိုင်ပါသည်။ ဤအရာကို လူတစ်ယောက်သည် သူ့ထံ၌ လာသကဲ့သို့ ဘုရားသခင်သည် သူတို့၏ ငိုကြွေးသံကို ကြားရကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ဆင်းရဲသောသူတို့ကို ငိုကြွေးစေသည်၊ နောက်ပြီး ဘုရားသခင်သည် ငိုကြွေးသံကို ကြားတော်မူ၏" (ရှု၊[[rc:///ta/man/translate/figs-abstractnouns]] and [[rc:///ta/man/translate/figs-personification]])