my_tn/job/34/13.md

3.7 KiB

ယေဘုယျအချက်အလက်

ဧလိဟုက ဆက်ပြီး စကားပြောသည်။

မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း။

ဤအလင်္ကာမေးခွန်းနှစ်ခုတို့သည် အဓိပ္ပါယ်အတူတူဖြစ်ပြီး အရာရာတိုင်းသည် ဘုရားသခင်၏ တန်ခိုးပြည့်စုံပြီးသားဖြစ်သောကြောင့် မည်သူကမျှ ဘုရားသခင်အတွက် တန်ခိုးအာဏာများကို ခွင့်ပြုပေးစရာ မလိုအပ်တော့ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူကမျှ ဘုရားသခင်ကို လောက၌ လုပ်ဆောင်စရာအခွင့်များကိုပေးစရာမလိုပါ" သူသည် လောကကို အုပ်စိုးဖို့ရန် ဖြောင့်မတ်သောသူ တစ်ယောက်ဖြစ်သည်" ( ရှု၊ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-rquestion]])

လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊

ဧလိဟုက သူမယုံကြည်သောအရာသည် ဖြစ်ပျက်လာမည်ဟူသောအခြေအနေကို ဖော်ပြထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-hypo)

လူ၏အသက်ဝိညာဉ်ကို

ဘုရားသခင်၏ "အသက်နှင့် ဝိညာဥ်" သည် အသက်ရှင်သောသူများအားလုံး ရှင်သန်စေရန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဝိညာဥ်နှင့် အသက်သည် ငါတို့အား အသက်ကို ပေးသည်" ( ရှု၊ rc://*/ta/man/translate/figs-explicit)

မြေမှုန့်သို့

ဤတွင် အသက်ရှင်သောသူ အားလုံးဟူသည်မှာ သူတို့၏ ခန္ဓာကိုအား ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသက်ရှင်သောအရာများ" ( ရှု၊ rc://*/ta/man/translate/figs-synecdoche)

ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ချင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။

ဤအရာ၏ ဆိုလိုရင်းမှာ လူအားလုံးသည် သေဆုံးပြီး သူတို့၏ ခန္ဓာကိုယ်သည် ပုပ်သိုးကာ မြေဆီလွှာ ဖြစ်လာမည်ကို ဆိုလိုပါသည်။ အစအဦးပင် ဘုရားသခင်သည် လူကို မြေမှုန့်ဖြင့် ဖန်ဆင်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "လူ၏ ခန္ဓာကိုယ်သည် မကြာခင် ပုပ်သိုးဆွေးမြေ့လာမည်" ( ရှု၊ rc://*/ta/man/translate/figs-explicit)