my_tn/job/34/07.md

1.9 KiB

ယေဘုယျအချက်အလက်

ဧလိဟုက ဆက်ပြီးစကားပြောဆိုသည်။

ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။

ဧလိဟုက ယောဘအား ဆူဆဲသော စကားအဖြစ် ဤမေးခွန်းကို အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယောဘကဲ့သို့သောသူ တစ်ယောက်မျှ မရှိပါ" ( ရှု၊ rc://*/ta/man/translate/figs-rquestion)

ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။

ဧလိဟုက ယောဘအား ကဲ့ရဲ့ခြင်းကို လူတစ်ယောက်သည် မကြာခဏ ရေကို သောက်သကဲ့သို့ စွပ်စွဲထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "‌ရေကိုသောက်သကဲ့သို့ မကြာခဏ အခြားသောသူများကို ကဲ့ရဲ့ပြောဆိုထားပါသည်" ( ရှု၊ rc://*/ta/man/translate/figs-simile)

မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍၊

ဤတွင် "ကျင့်ကြံသည်" ဟူသောအရာမှာ လူတစ်ယောက် ကျင့်ဆောင်သောအရာအတွက် ဒေသသုံးစကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မတရားသော သူများကဲ့သို့ ကျင့်ကြံသောသူ" ( ရှု၊ rc://*/ta/man/translate/figs-metaphor)