my_tn/job/32/17.md

3.1 KiB

ယေဘုယျအချက်အလက်

ဧလိဟုက အပြိုင်အဆိုင်များကို အသုံးပြုခြင်းအားဖြင့် စကားပြောသည်။

သို့ဖြစ်၍ငါသည်ကိုယ်အတွက်ပြန်ပြောမည်။

ငါသည် ယခုအဖြေပြောဆိုရန် ငါ့အလှည့်ရောက်လာမည်။

ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။

ဧလိဟုက ပြောစရာအများရှိခြင်းကို စကားနှင့် ပြည့်ဝကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၌ ပြောစရာ အများကြီးရှိသည်။" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏

ငါ့ဝိညာဉ်သည် ငါ့ကို စကားပြောစေသည်။

ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ်၏။

စပျစ်ရည်သည် ဖောက်နေစဥ်ထဲ သားရေဘူးကဲ့သို့ ဖြစ်သည်။ သားရေဘူးသည် မစီးထွက်စေလျှင် ပေါက်ကွဲမည်သာဖြစ်သည်။ ဧလိဟု ဆိုလိုသည်မှာ သူသည်သူခံစားသောအရာများကို မပြောသောအခါ ပြောစရာအများကြီးရှိသည်ကို ဆိုလိုပါသည်။ အလားတူ ဤစကားစုနှစ်ခုတို့သည် အပြိင်အဆိုင်ဖြစ်ပြီး အဓိ ပ္ပယ်အတူတူပင်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သားရေဘူးသည် ဖောက်သောအခါ လေဝင်ထွက်ပေါက်မရှိသောကြောင့် ပေါက်ကွဲလုသကဲ့သို့ ငါ့ ဝမ်းသည် ပေါက်ကွဲလုသကဲ့သို့ ငါ ခံစားရသည်။" ( ရှု၊ [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-parallelism]])

ငါ့ဝမ်းသည်

ဤအရာသည် ဧလိဟုကို ပုံဆောင်ထားပြီး အထူးသဖြင့် သူ့ဝိညာဉ်ကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ငါ့ဝိ ညာဉ် ဖြစ်သည်"( သို့မဟုတ်) "ငါဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-synecdoche)