my_tn/job/30/24.md

5.4 KiB

ဆက်စပ်ဖော်ပြချက်

"ယောဘက ဘုရားသခင်အား ဆက်လက် စကားပြောသည်။"

ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။

ယောဘက သူသည် အကူအညီအတွက် ဘုရားသခင်အား ငိုကြွေးခြင်းအား သူ့ကိုသူ ဖြောင့်မတ်ကြောင်းကို သက်သေထူရန် ဤမေးခွန်းကို အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်းသည် လဲကျသောအခါ၌ အကူအညီတောင်းခံရန် သူ့လက်ဖြင့် သက်ရောက်သည်။ ဒုက္ခ တွေ့ကြုံရသောသူတိုင်းသည် အကူအညီအတွက် ခေါ်ဖိတ်ကြသည်။" သို့မဟုတ် "ငါသည် ကျဆုံးပြီး၊ ထိုသို့ လဲကျသောအချိန်၌ ဘုရားသခင်သည် မှားယွင်းသောအရာများပြုလုပ်ကြောင်းကို မထင်သင့်ပါ။ ငါသည် ဒုက္ခထဲ၌ ‌နေသောကြောင့် အကူအညီအတွက် တောင်းလျှောက်ပါသည်"။ ( ရှု၊ rc://*/ta/man/translate/figs-rquestion)

အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။

တစ်ချို့သော ရူပါရုံများက ယောဘသည် အကူအညီအတွက် ဒုက္ခ ရောက်နေချိန်၌ ဘုရားသခင်သည် သူ့လက်တော်ဖြင့် ယောဘအားနာကြင်စေသည်ကို မကျေနပ်ပြောဆိုခြင်းအဖြစ် ဤမေးခွန်းများကို ဘာသာပြန်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်သည် လဲကျသောအချိန်၌ အကူအညီအတွက် ခေါ်ဖိတ်မှုကို မည်သူမျှ လက်လှမ်း မမှီနိုင်ပါ"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။

ယောဘက သူသည် သူတစ်ပါးအပေါ် ၌ မည်သို့ကောင်းမြတ်ကြောင်းကို ဘုရားသခင်အား ပြန်အသိပေးရန် ဤမေးခွန်းများကို အသုံးပြုထားပါသည်။ "ဒုက္ခကြောင့်......ငါငိုကြွေးခဲ့ရပြီး သူတပါးအတွက် စိတ်နာခဲ့ဖူးပြီ"။ ( ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။

ကောင်းသောအရာကို ရှာဖွေခြင်းဟူသည်မှာ ကောင်းသောအရာကို မျှော်လင့်ခြင်းနှင့် ဘေးရောက်လာခြင်းဟူသည်မှာ မကောင်းသောအရာများ ဖြစ်ပျက်ခြင်းကို ရည်ညွှန်း၍ကိုယ်စားပြုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။

ဤတွင် "အလင်း" ဟူသောအရာသည် ဘုရားသခင်၏ ကောင်းကြီးနှင့် မျက်နာသာ၊ "မှောင်မိုက်" ဟူသည်မှာ ဒုက္ခနှင့် ဝေဒနာခံစားခြင်းကို ရည်ညွှန်း၍ကိုယ်စားပြုထားပါသည်"။အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဘုရားသခင်၏ အလင်းကို မျှော်လင့်သော်လည်း မှောင်မိုက်ဖြစ်သော ဝေဒနာကိုသာ တွေ့ကြုံခံစားစေပါသည်"။ ( ရှု၊ rc://*/ta/man/translate/figs-metaphor)