my_tn/job/29/25.md

3.0 KiB

ငါသည် သူတို့လမ်းကိုပဲ့ပြင်၍

ဤတွင် "သူတို့လမ်းကို ပဲ့ပြင်၍" ဟူသည်မှာ သူတို့လုပ်ဆောင်သင့်သောအရာကို ဆုံးဖြတ်စေခြင်းအား ရည်ညွှန်း၍ကိုယ်စားပြုထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-metaphor)

အမြတ်ဆုံးသော နေရာ၌ ထိုင်၏။

ဤတွင် "ထိုင်သည်" ဟူသောအရာမှာ အုပ်စိုးခြင်း သို့မဟုတ် ဦးဆောင်ခြင်းကို ရည်ညွှန်း၍ကိုယ်စားပြုထားပါသည်။ အကြီးအကဲများသည် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်သောအခါ ထိုင်တတ်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ အကြီးအကဲများကဲ့သို့ သူတို့ကို ဦးဆောင်သည်"။ ( ရှု၊rc://*/ta/man/translate/figs-metonymy)

အမြတ်ဆုံးသော နေရာ၌ ထိုင်၏။

ယောဘသည် သူတို့၏ အကြီးအကဲဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သူတို့၏ အကြီးအကဲဖြစ်သောကြောင့် သူတို့ကို ဦးဆောင်ရသည်"။ ( ရှု၊ rc://*/ta/man/translate/figs-metonymy)

ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း

ယောဘသည် လူများကို မည်သို့ ဦးဆောင်ကြောင်းနှင့် သူသည် ရှင်ဘုရင်ဖြစ်ပြီး သူ့စစ်တပ်သည် သူ့ကို မည်သို့ နာခံကြောင်းကို ပြောဆိုထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-simile)

ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။

ဤစကားစုတွင် ယောဘသည် နှစ်သိမ့်ပေးတတ်သောသူတစ်ယောက်ဖြစ်ကြောင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သူတို့ ညှိုးငယ်သောအခါ သူတို့ကို နှစ်သိမ့်ပေးသည်"။ ( ရှု၊ rc://*/ta/man/translate/figs-explicit)