my_tn/job/29/23.md

2.9 KiB

မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက်

လူများသည် စိတ်ရှည် သည်းခံစွာ ယောဘအားစောင့်ဆိုင်းကြပြီး ကောင်းသောအရာများကို ကြားနာရန် မျှော်လင့်ကြသည်။ ( ရှု၊ rc://*/ta/man/translate/figs-simile)

သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။

ဤအရာက ယောဘပြောဆိုသောအရာများကို အကျိုးရရှိစေရန် အလို့ငှာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းခြင်းကို ရည်ညွှန်း၍ကိုယ်စားပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောဆိုသောအရာများမှ အကျိုးရရှိစေရန် ငါ့ကိုစိတ်အားထက်သန်စွာ စောင့်ဆိုင်းကြသည်"။ ( ရှု၊ rc://*/ta/man/translate/figs-metaphor)

နောက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့၊

"လယ်သမားများသည် နောက်မိုယ်းရေကို စိတ်အားထက်သန်စွာ မျှော်လင့်သကဲ့သို့"။

နောက်ကျသော မိုဃ်း။

ဤအရာသည် ခြောက်သွေ့သော ရာသီအချိန်မရောက်မှီ ရွာသွန်းတတ်သော များပြားသောမိုယ်းကို ရည်ညွှန်းထားပါသည်။

ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊

၎င်းကို သူတို့အား ခွန်အားဖြစ်စေသော အပြုံး၏ ရည်ရွယ်ချက် ကို ရှင်းလင်းစေရန် ဖော်ပြခြင်းဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အား ခွန်အားပေးရန် ငါသည် ပြုံးပြသည်"။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါ့မျက်နှာ၏အလင်းကို

ဤအရာသည် ယောဘ၏ မျက်နှာ၌ မြင်တွေ့ရသော အကြင်နာတရားကို ရည်ညွှန်း၍ကိုယ်စားပြုထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-metaphor)