my_tn/job/29/20.md

3.0 KiB

ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊

စိတ္တဇနာမ်ဖြစ်သော "ဘုန်း" ဟူသည်မှာ ကြိယာဖြစ်သော "'ရိုသေလေးစားသည်" အဖြစ်လည်း ဖော်ပြနိုင်ပါသည်။ ဤတွင် "ပွင့်လန်းလျက်" ဟူသောအရာသည် စဥ်ဆက်မပြတ် ရိုသေမှုကို ပေးနိုင်သောအရာကို ပုံ‌ဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် ငါ့ကို အစဥ် ရိုသေလေးစားကြသည်" သို့မဟုတ် "လူတို့သည် ငါ့ကို အစဥ် ရိုသေကြသည်"။ (ရှု၊rc://*/ta/man/translate/figs-abstractnouns

ငါလေးသည် လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။

အသစ်သော လေးသည် အလွန် အားပြင်းပါသည်။ ယောဘ၏ လက်၌ ရှိသော လေးဟူသည် သူ့ခန္ဓာကိုယ် ခွန်အားကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အသစ်သော လေး ကဲ့သို့ အစဥ် အားဖြည့်လျှက်ရှိသည်"။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။

ဤတွင် "သူတို့အပေါ် ၌ ကျသောရေစက်ကဲ့သို့" ဟူသည်မှာ သူ့အသံကို ကြားသောလူများအား ပြန်လည်လန်းဆန်းစေခြင်းကို ရည်ညွှန်း၍ ကိုယ်စားပြုထားပါသည်။ စိတ္တဇနာမ်ဖြစ်သော "စကား" ဟူသည် ကြိယာဖြစ်သော "စကားပြောသည်" သို့မဟုတ် "ပြောသည်" ဟူ၍လည်း ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့စကားသည် လူများ၏ ခန္ဓာကိုယ် ၌ကျသော ရေစက်ကဲ့သို့ သူတို့၏ စိတ်နှလုံးကို လန်းဆန်းစေသည်" သို့မဟုတ် "သူတို့အား ငါပြောသောအရာတို့သည် ရေကဲ့သို့ လန်းဆန်းစေပါသည်"။ ( ရှု၊ [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-abstractnouns]])