my_tn/job/27/15.md

3.5 KiB

ကျန်ကြွင်းသော သူတို့ကို

ဤအရာက ဆိုးသောသူတို့၏ သားသမီးများကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆိုးသောဖခင်များ သေဆုံးပြီးနောက် ဆက်လက်ပြီးအသက်ရှင်သောသူများ" ( ရှု၊ rc://*/ta/man/translate/figs-explicit)

သေမင်းသင်္ဂြိုဟ် လိမ့်မည်။

ဤတွင် "သင်္ဂြုဟ်မည်" ဟူသောအရာသည် သေခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကပ်ဘေးဖြင့် သေဆုံးကြလိမ့်မည်" ( ရှု၊ rc://*/ta/man/translate/figs-metonymy)

သူ၏မုတ်ဆိုးမတို့သည်

"သူတို့၏" နှင့် "သူတို့ကို" ဟူသည်မှာ ဆိုးသောသူ၏သားသမီးများ အသက်ရှင် ကျန်ကြွင်းသောသူများကို ရည်ညွှန်းထားပါသည်။

သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊

ဤတွင် "ပုံ၍" ဟူသောတင်စားချက်မှာ များပြားစွာ စုသိမ်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်သည်။ ယောဘက ငွေသည် မြေမှုန့်ကဲ့သို့ ရရှိရန် လွယ်ကူကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "များပြားသော ငွေတန်ဆာများကို စုသိမ်းပါ" သို့မဟုတ် "မြေမှုန့်ကို စုသိမ်းရန် လွယ်ကူသကဲ့သို့ ငွေကိုလည်း ထိုနည်းတူ စုသိမ်းပါ" (ရှု၊ rc://*/ta/man/translate/figs-simile)

ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သောသူသည် ဝတ်ဆင်လိမ့်မည်။

ဤတွင် "ဝတ်ဆင်လိမ့်မည်" ဟူသော အရာမှာ များများစုသိမ်းခြင်း ဟူသော အဓိပ္ပါယ်ဖြစ်သည်။ ယောဘက မြေမှုန့်သည် ရရှိရန် လွယ်ကူသကဲ့သို့ အဝတ်တန်ဆာသည်လည်း ထိုနည်းတူ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "များပြားသော အဝတ်တန်ဆာကို စုသိမ်းပါ" သို့မဟုတ် "မြေမှုန့်ကို လွယ်ကူစွာ စုသိမ်းသကဲ့သို့ အဝတ်တန်ဆာကိုလည်း ထိုနည်းတူ စုသိမ်းပါ" (ရှု၊ rc://*/ta/man/translate/figs-simile)