my_tn/job/25/04.md

4.3 KiB

ဆက်စပ်ဖော်ပြချက်

ဘိလဒတ်က ဆက်ပြီး စကားပြောသည်။

သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။

ဤမေးခွန်းနှစ်ခုတို့သည် မည်သူမဆို ဘုရားသခင်‌ ရှေ့၌ ကောင်းသောကုသိုလ်ကို မရနိုင်ရန် မဖြစ်နိုင်ကြောင်းကို အထူးပြုစေရန် အတူတကွ အသုံးပြုထားပါသည်။ ( ရှု၊[[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-rquestion]])

လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ရှေ့ ၌ လူသည် ဖြောင့်မတ်သောသူမဖြစ်နိုင်ပါ" ( ရှု၊ rc://*/ta/man/translate/figs-rquestion)

လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။

အခြားသောဘာသာပြန်ဆိုချက်၊ "မိန်းမမွေးသော သူသည် လက်ခံနိုင်လောက်သော သန့်ရှင်းခြင်း မရှိနိုင်ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လူမိန်းမဘွားမြင် သောသူသည်

ဤဒေသသုံးစကားသည် လူတိုင်းပါဝင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူမဆို" ( ရှု၊ rc://*/ta/man/translate/figs-idiom)

လသော်လည်း အလင်းမရှိ။

စိတ္တဇနာမ် ဖြစ်သော "အလင်းတောက်ပခြင်း" ဟူသောအရာသည် နာမဝိသေသနအဖြစ် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လသည် ဘုရားသခင်အတွက် လုံလောက်သောအလင်းကို မပေးနိုင်ပါ" ( ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။

ဤတွင် "ဖြူစင်ခြင်း" ဟူသည်မှာ "ပြည့်စုံခြင်း" ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကြယ်များသော်လည်း ဖြူစင်ခြင်းရှိသည်ဟု မထင်ခဲ့ပါ"

ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊

ဤစာနှစ်ကြောင့်သည် အတူတူဖြစ်ပြီး လူသားသည် မပြည့်စုံကြောင်းကို အထူးပြုစေရန် အတူတကွ အသုံးပြုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

တီကောင်ဖြစ်သောလူ

ဘိလဒတ်က တီကောင်များကဲ့သို့ အသုံးမဝင်သောသူများသာဖြစ်ကြောင့်ကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "တီကောင်ကဲ့သို့ အသုံးမဝင်သောသူ" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

လူသား

ဤအရာက တခြားနည်းအားဖြင့် လူတစ်ယောက်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတစ်ယောက်" ( ရှု၊ rc://*/ta/man/translate/figs-metonymy)