my_tn/job/24/01.md

2.8 KiB

ဆက်စပ်ဖော်ပြချက်

ယောဘက ဆက်ပြီးစကားပြောသည်။

အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။

ယောဘက ဘုရားသခင်သည် မတရားသောသူတို့ကို တရားမစီရင်ကြောင်းကို ဖော်ပြစေရန် ဤမေးခွန်းကို အသုံးပြုထားပါသည်။ ၎င်းကို အပြုသဘောဖြင့်လည်း ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အဘယ့်ကြောင့် ဆိုးသွမ်းသောသူတို့ကို တရားစီရင်ရန် အချိန်ကာလကို သိုထားတော် မမူသည်ကို ကျွန်ုပ်နားမလည်ပါ" သို့မဟုတ် "အနန္တတန်ခိုးရှင်သည် ဆိုးသွမ်းသောသူတို့ကို တရားစီရင်ရန် အချိန်ကာလကို သိုထားသင့်သည်" ( ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-activepassive]])

နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။

ယောဘက ဘုရားသခင်သည် ဆိုးသွမ်းသောသူများကို အဘယ့်ကြောင့် တရား မစီရင်သည်ကို ဖြောင့်မတ်သောသူတို့သည် မမြင်ကြောင်းကို ဖော်ပြရန်အတွက် ဤမေးခွန်းကို အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို နာခံသောသူတို့က ဆိုးသွမ်းသောသူတို့သည် တရားစီရင်ခြင်းခံသည်ကို တခါမှ မမြင်ခဲ့ဖူးပါ" သို့မဟုတ် "ဘုရားသခင်သည် ဆိုးသွမ်းသောသူများအား တရားစီရင်မည့်နေ့ရက်ကို သူ့အား သိသောသူတို့ကို ဖော်ပြပေးသင့်ပါသည်" ( ရှု၊ rc://*/ta/man/translate/figs-rquestion)