my_tn/job/23/10.md

3.9 KiB

ဆက်စပ်ဖော်ပြချက်

ယောဘက ဆက်ပြီး စကားပြောသည်။

သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။

ယောဘ၏ အပြုအမူများကို သူသည် လမ်း၌ လျှောက်သွားသကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါလုပ်ဆောင်သောအရာကို ဘုရားသခင် သိတော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-metaphor)

စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။

ယောဘက သူသည် စစ်ကြောခြင်းကို ခံတော်မူသော ရွှေကဲ့သို့ သက်သေထူမည်ဖြစ်ကြောင်းကို ယုံကြည်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တခြားသောအရာများ လောင်ကျွမ်းသွားနေချိန်၌ သူသည် ဖြူစင်သော ‌ရွှေကဲ့သို့ ပေါ်လာမည်" ( ရှု၊ rc://*/ta/man/translate/figs-simile)

ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊

ဤတွင် "ငါ့ခြေတော်ရာ" ဟူသည်မှာ ယောဘကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူညွှန်းပြထားသော လမ်းအတိုင်း ငါလိုက်လျှောက်ခဲ့ပြီ" ( ရှု၊ rc://*/ta/man/translate/figs-synecdoche)

ငါရှောက်သွား၍

ယောဘ၏ နာခံခြင်းကို ဘုရားသခင် ညွှန်ပြထားသော လမ်းအတိုင်း လိုက်လျှောက်ခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ငါ့အားပြောထားသမျှအတိုင်း လုပ်ဆောင်ပြီးပြီ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မလွှဲမရှောင်လိုက်ပါ၏

ဤအရာကို အပြုသဘောဖြင့် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "၎င်းနည်းအတိုင်း မလွဲလိုက်လျှောက်ပါ"

ထားတော်မူသော ပညတ်တို့ကို ငါမပယ်။

အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အစဥ်နားထောင်ပါသည်"

နှုတ်တော်ထွက် စကားတို့ကို

ဤစကားစုသည် ဘုရားသခင်ပြောဆိုသော သတင်းစကားကို ရည်ညွှန်းထားပါသည်။ အခြားသောဘသာပြန်ဆိုချက်၊ "သူ ပြောဆိုထားသောအရာ" ( ရှု၊ rc://*/ta/man/translate/figs-metonymy)

စကားတို့ကို

ဤတွင် ဘုရားသခင်သည် "သူ့စကား" ဟူ၍ ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူပြောသောအရာ" (ရှု၊ rc://*/ta/man/translate/figs-synecdoche)