my_tn/job/19/10.md

6.4 KiB

ယေဘုယျအချက်အလက်

ယောဘက သူ့မိတ်ဆွေများ သုံးယောက်အား ဆက်လက်ပြီး စကားပြောသည်။

ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်ပြီ။

ယောဘက ဘုရားသခင်သည် သူတည်ဆောက်ထားသောအရာကို ရိုက်ခွဲနေသကဲ့သို့ သူ့ကို ပျက်စီးစေသည် ဟူသော စကားကိုပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ငါ့ကို နေရာတိုင်း၌ ဖျက်ဆီးစေပြီ။" သို့မဟုတ် "သူသည် ငါ့ကို နေရာတိုင်း၌ တိုက်ခိုက်ခဲ့သည်။" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါပျောက် ကုန်ပြီ။

ဤ "ပျောက်ကုန်ပြီ" ဟူသော တင်စားချက်သည် လုံးလုံးလျားလျား ဖျက်ဆီးခြင်း ခံသောအရာကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် လုံးလုံးဖျက်ဆီးခြင်း ခံပါသည်။" ( ရှု၊rc://*/ta/man/translate/figs-metaphor)

သစ်ပင်ကို နှုတ်သကဲ့သို့

ဘုရားသခင်သည် သစ်ပင်တစ်ပင်ကို အရင်းမှ နုတ်ပစ်သကဲ့သို့ ယောဘ၏ မျှော်လင့်ချက် မရှိစရာအကြောင်းဖြစ်စေသည်။" အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ငါ့ မျှော်လင့်ချက်အားလုံးကို လုံးလုံးဆောင်ယူသွားသည်" သို့မဟုတ် "သူလုပ်ဆောင်သော အမှုကြောင့် ကောင်းသော အမူအရာအတွက် မျှော်လင့်ချက် မရှိတော့ပါ။" ( ရှု၊ rc://*/ta/man/translate/figs-simile)

သစ်ပင်ကို နှုတ်သကဲ့သို့

ဤဥပမာသည် အတိုတောက် စကားလုံးတစ်မျိုးဖြစ်သည်။ သင့်အနေဖြင့် ချန်လှပ်ထားသောစာလုံးကို ပံပို့ပေးရန် လိုအပ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သစ်ပင်တစ်ပင်ကို သူ့ပင်စည်မှ ဆွဲနုတ်သော နည်းလမ်းကဲ့သို့၊" ( ရှု၊ [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-ellipsis]])

ငါ၌အမျက်တော်ကိုနှိုးဆော်၍၊

ဘုရားသခင်၏ အမျက်တော်သည် မီးလျှံကဲ့သို့ဖြစ်ကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါ့အား အရှိန်လျော့သော ဒေါသမီးကဲ့သို့ ငါ့ကို ဆန့်ကျင်ဘက် ပြုသည်။" သို့မဟုတ် "ဘုရားသခင်သည် ငါ့အား စိတ်ဆိုးသည်။" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။

သူသည် ငါ့ကို ရန်သူ ကဲ့သို့ ထင်မှတ်သည်။

စစ်ချီလာ၍

ယောဘက ဘုရားသခင်သည် သူ့အား တိုက်ခိုက်ခြင်းကို ဘုရားက မြို့ကို တိုက်ခိုက်ရန် စေလွှတ်သောအရာကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါ့ကို တိုက်ခိုက်ရန် သူ့စစ်ကို ချီလာစေသည်။"

စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊

ယောဘက ဘုရားသခင်သည် သူ့အားတိုက်ခိုက်ခြင်းကို ယောဘသည် မြို့ဖြစ်ပြီး စစ်သားများသည် ထိုမြို့ရိုးကို တက်ပြီး တိုက်ခိုက်ရန် စီထားသော မြေဖို့လမ်းကဲ့သို့ဖြစ်ကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စစ်သားများသည် မြို့ရိုးကို ကျော်တက်ရန် စီထားသော မြေဖို့လမ်းကိုပုံထားသည်။" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။

ယောဘက ဘုရားသခင်က သူ့အား တိုက်ခိုက်ခြင်းသည် ဘုရားသခင်၏ စစ်သားများသည် သူ့ကို တိုက်ခိုက်ရန် သူ့ပတ် လည်၌ တပ်ချပြီး ပြင်ဆင်နေကြောင်းကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ငါ့ပတ်လည်၌ တပ်ချပြီး ငါ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်။"