my_tn/job/19/03.md

3.2 KiB

ယေဘုယျအချက်အလက်

ယောဘက သူ့ သူငယ်ချင်း သုံးယောက်အား ဆက်လက် စကားပြောထားသည်။

ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။

ဤ "ဆယ်ကြိမ်" ဟူသော စကားစုသည် ပြည့်စုံစွာ ဆုံးမခဲ့ကြသော ယောဘ၏ သူငယ်ချင်းများကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ပြည့်စုံစွာ ငါ့ကို အပြစ်ပြန်ပြောသည်" သို့မဟုတ် "သင်သည် ငါ့အား အကြိမ်များစွာ အပြစ်တင်သည်။" ( ရှု၊ rc://*/ta/man/translate/figs-idiom)

ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။

ယောဘက ဤအရာနှင့် ပတ်သက်ပြီး သူတို့ကို ဆုံးမထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါ့ကို ကြမ်းတမ်းစွာ ဆက်ဆံသောကြောင့် သင်ရှက်သင့်ပါသည်။"

အရှက်မရှိဘဲပြုကြပြီ။

ငါ့ကို အရှက်ရစေကြပြီ" သို့မဟုတ် "လူသိရှင်ကြား ငါ့ကို လှောင်ပြောင်ကြပြီ။"

ငါပြစ်မှားပြီ မှန်စေတော့။

"မတော်တဆ အပြစ်လုပ်ခဲ့ပြီ" သို့မဟုတ် "မှားယွင်းစွာ အပြစ်လုပ်သည်။"

ငါ့အပြစ်နှင့်ငါသာဆိုင်၏။

ယောဘက သူ့ သူငယ်ချင်းများသည် သူတစ်ကြိမ်အမှား လုပ်မိခြင်းကြောင့် ဆက်လက်ပြီး အပြစ်တင်ရန် သူတို့သည် တာဝန်မရှိကြောင်းကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အမှားသည် ငါ့တာဝန်သာဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငါ့ကို ဆက်လက်အပြစ်မတင် သင့်ပါ။" သို့မဟုတ် "ငါ့အမှားသည် သင်တို့ကို မနာကျင်စေပါ။ ထို့ကြောင့် သင်တို့သည် ငါ့ကို ဆက်ပြီး အပြစ်မတင် သင့်ပါ။" ( ရှု၊ rc://*/ta/man/translate/figs-explicit)

ငါ့အပြစ်

"ငါ့အပြစ်" သို့မဟုတ် "ငါ့အမှား"