my_tn/job/18/16.md

3.4 KiB

ယေဘုယျအချက်အလက်

ဗိလဒဒ်က ဆိုးသွမ်းသောသူကို ဆက်လက်ပြီး ဖော်ပြထားပါသည်။

သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။

ဤအရာသည် သစ်ပင်ခြောက်သွေ့ပြီး အသီးအပွင့်မရှိသကဲ့သို့ ဆိုးသွမ်းသောသူသည် တိုးပွားခြင်းမရှိဘဲ သေဆုံးတတ်ခြင်းကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သေပြီး အမျိုးပွားများခြင်းမရှိပါ။ အပင်၏ အမြစ်သည် သွေ့ခြောက်ပြီး အကိုင်းများသည်လည်း ညှိုးနွမ်းခြင်း ရှိသည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။

ဤအရာကို အပြုသဘောအနေဖြင့် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ အကိုင်းအခက်များသည် ညှိုးနွမ်းလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။

ဤစကားစုများသည် တူညီသော အဓိပ္ပါယ်များရှိပြီး လူသည် သေဆုံးပြီးနောက် မည်သူကမျှ မအောက်မေ့ တော့ကြောင်းကို အထူးပြုစေရန် အတူတကွ အသုံးပြုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍

သေသောသူတစ်ယောက်ကဲ့သို့ ဆိုးသွမ်းသောသူ၏ "အောက်မေ့ခြင်း" ကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူကမျှ သူ့ကို အောက်မေ့မည်မဟုတ်ပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။

ဤအရာက ဒေသသုံးစကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပွဲသဘင် လမ်းမ၌ လျှောက်သွားသော သူသည်လည်း သူ၏ နာမကို အောက်မေ့မည်မဟုတ်ပါ" (ရှု၊ rc://*/ta/man/translate/figs-idiom)