my_tn/job/18/09.md

5.7 KiB

ယေဘုယျအချက်အလက်

ဗိလဒဒ်က ဆိုးသွမ်းသောသူသည် မည်ကဲ့သို့ အလျင်အမြန် ကပ်ဆိုးဘေးများကို ကြုံတွေ့ရကြောင်းကို ဖော်ပြရန်အတွက် အပြိုင်အဆိုင် အသုံးပြုထားသည့် သုံးခုသောပုံရိပ်များအဖြစ် ဆက်လက်ပြောဆိုထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-parallelism)

ဂိုင်းပြုတ်၍ ခြေကို မိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။

ဤလေးခုသော စကားစုများသည် သူက ကျော့ကွင်းထဲသို့ ပြုတ်ကျသကဲ့သို့ ဆိုးသွမ်းသော သူသည် ကပ်ဆိုးဘေးများကို ကြုံတွေ့ရကြောင်းကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "၎င်းသည် ကိုင်းပြုတ်၍ ကျော့ကွင်းနှင့် မကျွတ်နိုင်သကဲ့သို့ ဖြစ်လိမ့်မည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ကျော့ကွင်း

လူများက ဤသို့သော ကျော့ကွင်းကို ငှက်ဖမ်းရန်အတွက် အသုံးပြုထားပါသည်။

ခြေကို မိသဖြင့် ကျော့ကွင်းနှင့်

ဤတွင် "ခြေဖနှောင့်" ဟူသည်မှာ ခြေတစ်ခုလုံးကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ခြေကို ကိုင်ဆွဲမည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။

ဤ စကားစုလေးခုတို့သည် ပိုက်ကွန်၌ မိသကဲ့သို့ ဆိုးသွင်းသောသူသည် ကပ်ဆိုးများနှင့် ကြုံတွေ့ရကြောင့်ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာကို သူ့အတွက် သွားရာလမ်းတွင် ထောင်ချောက်ဆင်သကဲ့သို့ ဖြစ်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်

ဤအရာကို အပြုသဘောအနေဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်သည် သူ့ကို ဖမ်းဆီးရန် မြေ၌ ဂျမ်းကြိုးကို သူ့အဖို့ ဝှက်ထားလျှက်ရှိသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဂျမ်းကြိုး

တိရစ္ဆာန်များက သူတို့၏ ခြေကို ကျော့ကွင်းအလယ်တွင် နင်းမိရာ၌ ခြေထောက်ကို ဖမ်းကိုင်၍ ရသော ကျော့ကွင်းတစ်ခု။

သူသွားရာလမ်း၌ ထောင်ချောက်ကို

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ ခြေ၌ မိရန် ဝှက်ထားသော ကျော့ကွင်းတစ်ခု" သို့မဟုတ် "တစ်စုံတစ်ယောက်က သူ့ကို ဖမ်းဆီးရန် လမ်းတွင် ထောင်ထားသော ကျော့ကွင်း" ( ရှု၊ rc://*/ta/man/translate/figs-ellipsis)

ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။

ကြောက်မက်ဘွယ်သောအရာတို့သည် ပတ်ပတ်လည်၌ သူ့ကို ကြောက်ရွံ့စေလိမ့်မည်။

အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။

ဤအရာက ရန်သူများသည် သူ့ကို လိုက်သကဲ့သို့ ဆိုးသွင်းသောသူများသည်လည်း ကြောက်မက်ဘွယ်သောအရာများကို ဖြစ်စေသည် ဟူသောအရာများကိုပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာသည် ကြောက်မက်ဘွယ်ကောင်းသောသူတို့က ပတ်လည် ဝိုင်းသကဲ့သို့ ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-personification)