my_tn/job/18/07.md

3.6 KiB

ယေဘုယျအချက်အလက်

ဗိလဒဒ်က ဆိုးသောသူအား ဆက်လက်ပြီး စကားပြောဆိုထားသည်။

ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။

ဤအရာသည် ဆိုးသော သူသည် နောက်ထပ် လျှောက်ရန် အင်အား မရှိတော့သကဲ့သို့ သူသည် ကပ်ဆိုးများနှင့် ရုတ်တရက် ကြုံတွေ့ရသည်ခြင်းကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာသည် ဆက်ပြီးလျှောက်ရန် အင်အားမရှိတော့သော သူကဲ့သို့ ဖြစ်လိမ့်မည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။

သူ့အကြံအစည်သည် သူ့ကို ကျရှုံးအောင် စေသည်။ ဤအရာက ဆိုးသောသူသည် လဲကျသကဲ့သို့ ကပ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့ရကြောင်းကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ အကြံအစည်များသည် သူ့ကို ကပ်ဆိုးများနှင့် ရင်ဆိုင်စေသည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။

သူ့အကြံအစည်များသည် သူ့ကို ပိုက်ထဲ့သို့ ဦးတည်စေမည်ဖြစ်သည်။ ဘိလဒတ်က ဆိုးသောသူတို့၏ နည်းလမ်းများက ဘဝတွင် ရုတ်တရက် ကပ်ဆိုးအခြေအနေများသို့ ဦးဆောင်စေမည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျော့ကွင်းပေါ်တွင် နင်းသကဲ့သို့ သူသည် ပိုက်ထဲသို့ ကျဆင်းရန် ဦးဆောင်သွားစေမည် ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ပိုက်ထဲသို့

ကြိုးစ သို့မဟုတ် ကြိုးများဖြင့် ကွန်ယှက်အဖြစ် လူများ ရက်လုပ်ထားသောအရာ။ လူများသည် ၎င်းပိုက်ကို တိရစ္ဆာန်များကို ဖမ်းဆီးရန် အသုံးပြုသည်။

ကျော့ကွင်းပေါ်မှာ နင်းတတ်၏။

တိရစ္ဆာန်များ မိနိုင်စေရန်နှင့် ၎င်းအထဲသို့ ဝင်ရောက်လာစေရန် ယှက်လုပ်ထားသော အကိုင်းရှိသည့် ကျော့ကွင်း။