my_tn/job/17/13.md

9.1 KiB

ယေဘုယျအချက်အလက်

ယောဘက ဆက်လက်ပြီး စကားပြောသည်။

ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။

"ခဲ့လျှင်" ဟူသော ဖြစ်ရပ်သည် "ကတည်းက" ဟူသော အဓိပ္ပါယ်ရပြီး ယောဘသည် ထိုအမှုအရာအားလုံးကို မှန်ကန်စွာ ပြောဆိုထားပါသည်။ "ငါ့အိပ်ရာသည် ခင်းလျက်ရှိပါသည်" ( ရှု၊ rc://*/ta/man/translate/figs-hypo)

ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။

ဤနေရာတွင် ယောဘသည် သူ့ ၏အိပ်ရာသည် မှောင်မိုက်၌ ခင်းထားသကဲ့သို့ သူသည် သေရန် ပြင်ဆင်နေကြောင်းကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သေခြင်း၌ အိပ်ပျော်ရန် ငါ့ကိုယ်ငါ ပြင်ဆင်ပြီးဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်

ငါ့ အိပ်ယာကို ပြင်ဆင်သည်။

ဟူ၍၎င်း ငါဆိုရ၏။

"အကယ်၍ ခဲ့လျှင်" ဟူသောစကားလုံးသည် "ပြီးနောက်" ဟူသောအဓိပ္ပါယ်ကို ဆောင်ပြီး ယောဘက မှန်ကန်သောအရာကို ပြောဆိုနေပါသည်။ "နောက်ပြီး ငါပြောသည်" (ရှု၊ rc://*/ta/man/translate/figs-hypo)

ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။

ဤစာကြောင့်နှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု အပြောင်းအလဲ ဖြစ်ပြီး ယောဘသည် မည်သို့သော ထင်ရာစိုင်းသော လူဖြစ်သည်ကို အထူးပြုစေရန် အပြိုင် အသုံးပြုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ပုပ်စပ်ခြင်း

သင်္ချိုင်းဂူ

သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊

ယောဘက လူသည် သူ့ဖခင်နှင့် နီးစပ်မူ ရှိခြင်းကို သူသည် မကြာခင်တွင် သင်္ချိုင်းနှင့် နီးစပ်မူရှိကြောင့်နှင့် နှိင်းယျဥ် ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါ့အဖေကဲ့သို့ ငါ၌ နီးစပ်မူရှိသည်" သို့မဟုတ် "ငါသည် သင်္ဂြိုလ်ခြင်း ခံရသောအခါ၊ သင်သည်လည်း ဖခင်တစ်ယောက်ကဲ့သို့ နီးစပ်မှု ရှိပါသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တီကောင်အား

လောက်ကောင်၊ တီကောင်များသည် လူသေအလောင်းများကိုစားသော သေးငယ်သည့် အကောင်များ ဖြစ်သည်။

သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။

ယောဘက လူသည် သူ့မိခင်၊ သူ့ညီမတို့နှင့် နီးစပ်မှုရှိခြင်းကို သူသည် မကြာခင်တွင် တီကောင်နှင့် နီးစပ်မှုရှိမည်ဖြစ်ကြောင်းကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သင်သည် ငါ့ အမိနှင့် ငါ့ ညီမကဲ့သို့ နီးစပ်မှုရှိသည်" သို့မဟုတ် "သင်သည်လည်း ငါ့အမိ" သို့မဟုတ် "ငါ့ ညီမသည် ငါနှင့် နီးစပ်သကဲ့သို့ နီးစပ်လာမည်ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အဘယ်သို့ ငါမြော်လင့်ရသနည်း။

တိကျသေချာသော အဖြေမှာ "ဘယ်နေရာ၌ပင် မရှိပါ" အကြောင့်မှာ သူသည် မျှော်လင့်ချက် မရှိသောကြောင့်ဖြစ်သည်။ ဤအလင်္ကာမေးခွန်းကို စကားပြောအဖြစ်ရေးသားနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ငါသည် မျှော်လင့်ချက် မရှိပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါမြော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း။

အလင်္ကာမေးခွန်းသည် မျှော်လင့်ချက်ထားရှိရန် မည်သူတစ်ယောက်မျှ မရှိတော့ကြောင်းကို အထူးပြုစေရန် အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "မည်သူကမှ ငါ့ မျှော်လင့်ချက်ကို မမြင်နိုင်ပါ" သို့မဟုတ် "မည်သူကမှ ငါ့ကို မျှော်လင့်ချက် ထပ်ပြီး ထားရှိရန် မမျှော်လင့်ကြပါ" ( ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။

တိကျသောအဖြေမှာ "မဟုတ်ပါ" ဟူ၍ ဖြစ်သည်။ ဤမေးခွန်းကို စကားပြောအနေဖြင့်လည်း ရေးသားနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက် ‌နေရမည်" သို့မဟုတ် "ငါသည် မြေမှုန့်သို့ သွားသောအခါ ငါ၌ မျှော်လင့်ချက် မရှိတော့ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

မရဏနိုင်ငံအထဲသို့ဝင်၍

မရဏာနိုင်ငံ ဟူသည်မှာ တံခါး တကယ်ရှိသည် မဟုတ်ပါ၊ သို့သော် ၎င်းသည် ယောဘအနေဖြင့် ဝင်ရောက်ခဲ့သော မရဏာနိုင်ငံကို တင်စားထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ငါသည် မရဏာနိုင်ငံသို့ ဆင်းသွားသောအခါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါနှင့်အတူ

ငါသည် အရာခပ်သိမ်းအတွက် မျော်လင့်ချက် ထားရှိသောအခါ သို့မဟုတ် "ငါနှင့် ငါ့ မျှော်လင့်ချက်များ" "ငါတို့"ဟူသော စကားလုံးသည် ယောဘနှင့် သူ့ မျှော်လင့်ချက်ကို ရည်ညွှန်းထားပါသည်။

မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု

အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သေပြီး သင်္ဂြိုလ်သည်" သို့မဟုတ် "သင်္ချိုင်းသို့ သွားသည်" (ရှု၊ rc://*/ta/man/translate/figs-idiom)