my_tn/job/17/11.md

3.0 KiB

ယေဘုယျအချက်အလက်

ယောဘက ဆက်လက်ပြီး စကားပြောသည်။

ငါ့နေ့ရက်လွန်ပြီ။

ဤအရာသည် ဒေသသုံးစကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ငါ့အချိန်သည် လွန်သွားပြီ" သို့မဟုတ် "ငါ့အသက်သည် လွန်သွားပြီ" ( ရှု၊ rc://*/ta/man/translate/figs-idiom)

ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

ဤတွင် ယောဘ၏ "နှလုံး" ဟူသည် အတွင်း၌ ရှိသောအရာကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ငါ့ အစီအစဥ်သည် ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပါ။ ငါ အလိုချင်ဆုံးသော အရာသည်လည်း ဖြစ်လာမည် မဟုတ်ပါ" ( ရှု၊ rc://*/ta/man/translate/figs-metonymy)

ညဉ့်သည် ငါ၌ နေကဲ့သို့ဖြစ်၍

ဤအရာက "လူများသည် ညကို နေ့ကဲ့သို့ဖြစ်စေရန် ကြေညာခြင်း" ကို "ညသည် နေ့ကဲ့သို့ ပြောင်းလဲ သကဲ့သို့ဖြစ်ကြောင်း" ကို ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ညအချိန်တွင် နေ့အချိန်ကဲ့သို့ ကြေညာသည်" သို့မဟုတ် "ညသည် နေ့၏ ဆန့်ကျင်ဖက်ဖြစ်သကဲ့သို့ မှန်သောအရာကိုလည်း ဆန့်ကျင်ဖက်ပြောဆိုကြသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။

၎င်းသည် ကဲ့ရဲသောသူများက အလင်းသည် အမှောင်နှင့် နီးစပ်သကဲ့သို့ ကြေညာထားခြင်းကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သူတို့က အလင်းသည် အမှောင်နှင့် နီးစပ်ကြောင်း" သို့မဟုတ် "မှောင်မိုက်လာသောအခါ၊ အလင်းရရှိကြောင်းကို ကြေညာထားပါသည်။" ( ရှု၊ rc://*/ta/man/translate/figs-explicit)