my_tn/job/14/18.md

3.7 KiB

ယေဘုယျအချက်အလက်

ယောဘသည် ဘုရားသခင်အားဆက်လက်၍ စကားပြောသည်။

ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏

ဘာမှ မဟုတ်သောနေရာသို့ လာခြင်းဟူသည် လုံးဝ ဖျက် ဆီးသည်ဟူသော အဓိပ္ပယ်ဖြစ်သည်။ ဤစကားစုသည် "'ကျဆုံးသည်" ဟူသောစကားလုံးနှင့် လုံးလုံး ဖျက်ဆီးသည်ဟူသောအရာကို အထူးပြုထားသောအရာကို ကျယ်ပြန့်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောင်တို့သည် လုံးဝ ပြိုလဲ ကွယ်ပျောက်တတ်သည်" (ရှု၊ rc://*/ta/man/translate/figs-doublet)

ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။

ဤအရာသည်လည်း အပြုသဘော‌ဆောင်အနေဖြင့် ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါသည်" ( ရှု၊ rc://*/ta/man/translate/figs-activepassive)

ထိုအတူ ကိုယ်တော်သည် လူ၏မြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။

၎င်းသည် သင်တို့၏ ဘာသာစကားဖြင့် လွယ်ကူမည်ဆိုလျှင် သင့်အနေဖြင့် ဤစကားစုဖြစ်သော အပိုဒ်ငယ် ၁၈ နှင့် ကျမ်းပိုဒ်အရ အစပိုင်းတွင် ညှိလို့ရပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် လူများ၏ မျှော်လင့်ချက်ကို လောက၌ ရှိသော မြေမှုန့်ကဲ့သို့ ဖျက်ဆီးပစ်လိုက်သည်" (ရှု၊ rc://*/ta/man/translate/figs-simile)

လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏

မျှော်လင့်ချက်ကို ဖျက်ဆီးခြင်းဟူသည်မှာ မဖြစ်သေးသောအရာများကို လူများမျော်လင့်စေရန် အကြောင်းဖြစ်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ထိုသို့ဖြစ်ပျက်ခြင်းမှ လူသားများကို ကြိုတင်ကာကွယ်ထားပါသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

လူမြော်လင့်စရာ

စိတ္တဇ နာမ်ဖြစ်သော "မျှော်လင့်ချက်" သည် "မျှော်လင့်သည်" ဟူသော ကြိယာအနေဖြင့် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများ မျှော်လင့်သောအရာများ" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)