my_tn/job/14/15.md

5.7 KiB

ယေဘုယျအချက်အလက်

ယောဘက ဆက်လက်ပြီး ဘုရားသခင်အားစကားပြောသည်။

အကျွန်ုပ်ပြန် လျှောက်ပါမည်

သင်အကျွန်ပ်၌ ပြုစေလိုသော အရာကို ငါပြုမည်။

ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ

"ဆန္ဒ" ဟူသော နာမ်သည် "လိုချင်သည်" သို့မဟုတ် ဆန္ဒရှိသည်" ဟူ‌သော ကြိယာအနေဖြင့်လည်း ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ဆန္ဒရှိမည်" သို့မဟုတ် "သင်လိုချင်လာ မည်" ( ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို

ဤတွင် ဘုရားသခင်၏ လက်တော် ဟူသည်မှာ အရာရာကို လုပ်ဆောင်ခြင်းကို ပုံဆောင်ထားပါသည်။ ယောဘက သူ့ကိုသူ ဘုရားသခင်၏ လက်တော်ဟူ၍ ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အတွက် သင်ပြုလုပ်သောအရာ" ( ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-123person]])

ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍

ဤကြိယာနှစ်ခုတို့သည် အတူတကွ သီးခြားအဖြစ် ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သေချာ ဂရုစိုက်သည်" ( ရှု၊ rc://*/ta/man/translate/figs-hendiadys)

အကျွန်ုပ်ခြေရာတို့ကို

ခြေရာများဟူသည်မှာ သူ့အသက်နှင့် သူလုပ်ဆောင်သောအရာများကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ဘဝ" သို့မဟုတ် "ငါလုပ်ဆောင်သောအရာ" ( ရှု၊ rc://*/ta/man/translate/figs-metonymy)

အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။

ယောဘ၏ အပြစ်များကို စောင့်ခြင်းဟူသည်မှာ အပြစ်အကြောင်းစဥ်းစားသောအရာကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါ့အပြစ်များကို မကြည့်ရှုသလော" သို့မဟုတ် "သင်သည် ငါ့အပြစ်အကြောင်းကို မစဥ်းစားသလော" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍

ဤသုံးလိုင်းသည် အတွေးအခေါ်တူပြီး ဘုရားသခင်သူ့အားပေးထားသော လုံခြုံမှုကို အထူးပြုစေရန် အသုံးပြုထားသည်။ ( ရှု၊ rc://*/ta/man/translate/figs-parallelism)

အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍

မှားခြင်းအကြောင်းအရာကို တံဆိတ်ခပ်ခြင်းဆိုသည်မှာ ထိုအရာကို ဖုံးကွယ်ခြင်းနှင့် ၎င်းကို စဥ်းစားရန် ငြင်းပယ်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်သောသူသည် အိတ်၌ ဝှက်ထားသကဲ့သို့ ငါ၏ ပြစ်မှားခြင်းအကြောင်းကို စဥ်းစားရန် သင်သည် ငြင်းပယ်ခဲ့သည်" ( ရှု၊rc://*/ta/man/translate/figs-metaphor)

အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။

တစ်စုံတစ်ယောက်၏ အပြစ်ကို မမြင်စေရန် ဖုံးကွယ်ထားခြင်းဟူသည်မှာ ထိုအရာကို စဥ်းစားရန် ငြင်းပယ်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါ၏ အပြစ်ကို ဝှက်ထားပေးသည်" သို့မဟုတ် "သင်သည် ငါ၏ အပြစ်ကို လျစ်လျှုရှုသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)